ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ Myanmar Chaofa Leatherware Limited (အိတ်ချုပ်) စက်ရုံမှ အလုပ်သမား ၂၀၀ ကျော်သည် ဒေးကြေး (စက်မြင့် ၁၀,၇၀၀ ကျပ်၊ စက်နိမ့် ၁၀,၅၀၀ ကျပ်၊ အခြေခံဒေးကြေး ၁၂,၀၀၀ ကျပ်) တန်းတူသတ်မှတ်ပေးရန်၊ အချိန်ပို (OT) ကြေးကို ၂,၀၀၀ ကျပ်မှ ၃,၀၀၀ ကျပ်သို့ တိုးပေးရန်နှင့် ရက်မှန်ကြေးကို ၃၀,၀၀၀ ကျပ်မှ ၅၀,၀၀၀ ကျပ်သို့ တိုးမြှင့်ပေးရန်အပြင် ဖယ်ရီ၊ အိမ်သာနှင့် သောက်ရေ ဖြတ်တောက်မှုများမပြုလုပ်ရန် ဇွန်လ ၁၈ ရက်မှစတင်ကာ ယနေ့ (ဇွန် ၂၂ ရက်) ထိ ဆက်တိုက်ဆန္ဒပြတောင်းဆိုနေကြကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ထံမှ သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မြို့နယ်အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများက စက်ရုံအတွင်း ဝင်ရောက်ညှိနှိုင်းပေးနေသော်လည်း အလုပ်ရှင်အလိုကျ တစ်ဖက်သတ်ပြုလုပ်နေမှုများရှိနေ၍ စောင့်ကြည့်မှတ်တမ်းတင်သွားမည်ဟု STUM က ဆိုထားပြီး၊ ထိုစက်မှုဇုန်ရှိ Lesmart (Myanmar) Apparel အထည်ချုပ်စက်ရုံတွင်လည်း အလုပ်သမားများကို အချိန်ပို (OT) အတင်းအကြပ် ဆက်တိုက်ဆင်းခိုင်းနေမှုများ ရှိနေကြောင်း သိရသည်။
Jun 22 • 8:17 AM
Myanmar
Yangon
Share
| 17 | 0 | 0 | 0 |


