back

အယ်လ်နီညိုရာသီဥတုဘေးဒဏ် ကာကွယ်ရန် နိုင်ငံပေါင်း ၂၂ နိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၂၀၂ သန်း ကုလသမဂ္ဂအဖွဲ့အစည်းများ တောင်းဆို

Jun 22 • 8:15 AM

breaking-news

Myanmar

International

cover

အယ်လ်နီညိုရာသီဥတုဘေးဒဏ် ကာကွယ်ရန် နိုင်ငံပေါင်း ၂၂ နိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၂၀၂ သန်း ကုလသမဂ္ဂအဖွဲ့အစည်းများ တောင်းဆို

ယခုနှစ် ဒုတိယနှစ်ဝက်ပိုင်းတွင် ကျရောက်လာနိုင်သည့် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ ဆိုးကျိုးသက်ရောက်မှုများကို အပြင်းထန်ဆုံး ခံစားရနိုင်သော အာဖရိက၊ အာရှ၊ ပစိဖိတ်၊ လက်...

ယခုနှစ် ဒုတိယနှစ်ဝက်ပိုင်းတွင် ကျရောက်လာနိုင်သည့် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ ဆိုးကျိုးသက်ရောက်မှုများကို အပြင်းထန်ဆုံး ခံစားရနိုင်သော အာဖရိက၊ အာရှ၊ ပစိဖိတ်၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသရှိ နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ပြည်သူ ၈ ဒသမ ၈ သန်းကို ကြိုတင်ကာကွယ် စောင့်ရှောက်ပေးနိုင်ရေးအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့က အမေရိကန်ဒေါ်လာ ၂၀၂ သန်းကို ဇွန် ၁၉ ရက်တွင် ပူးတွဲတောင်းခံလိုက်ကြောင်း သိရသည်။ သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက်အရ ယင်းအယ်လ်နီညိုဖြစ်စဉ်ကြောင့် အဆိုပါဒေသများ၌ မိုးခေါင်ရေရှားမှုနှင့် ရေလွှမ်းမိုးမှုကပ်ဘေးများ ကြုံတွေ့ရနိုင်ခြေ မြင့်တက်နေပြီး၊ ဘေးဒဏ်အဆိုးဆုံးခံရမည့် နိုင်ငံများတွင် အာရှဒေသမှ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ အရှေ့တီမောတို့ အပါအဝင် အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံ အများအပြား ပါဝင်နေကြောင်း သိရသည်။

news-view-count-icon

16