back

ရှမ်းပြည်နယ်၌ စက်သုံးဆီ ခွဲတမ်းစနစ် ပယ်ဖျက်ပေးရန် ရှမ်းတောင်ဒေသခံများ လိုလားနေ

Jun 22 • 6:39 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၌ စက်သုံးဆီ ခွဲတမ်းစနစ် ပယ်ဖျက်ပေးရန် ရှမ်းတောင်ဒေသခံများ လိုလားနေ

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းလာသော်လည်း ခွဲတမ်းစနစ်နှင့် စုံ/မစနစ်ကို ဆက်လက်ကျင့်သုံးနေခြင်းကြောင့် ဒေသခံများနှင့် စိုက်ပျို...


ရှမ်းပြည်နယ်တောင်ပိုင်းတွင် စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းလာသော်လည်း ခွဲတမ်းစနစ်နှင့် စုံ/မစနစ်ကို ဆက်လက်ကျင့်သုံးနေခြင်းကြောင့် ဒေသခံများနှင့် စိုက်ပျိုးရေးတောင်သူများ အခက်အခဲကြုံတွေ့နေရသဖြင့် ယင်းစနစ်များကို ပယ်ဖျက်ပေးရန် လိုလားနေကြသည်။ ဆီဆိုင်များတွင် လိုင်စင်ရှိသည့်ယာဉ်များကိုသာ ခွဲတမ်းဖြင့် ရောင်းချပေးနေသောကြောင့် လိုင်စင်မဲ့ယာဉ်ငယ်များ အသုံးပြုရသည့် အခြေခံလူတန်းစားများနှင့် ကျောင်းကြိုကျောင်းပို့ မိခင်များမှာ ပြင်ပမှောင်ခိုဈေးကွက်မှ ဈေးကြီးပေးဝယ်နေရပြီး၊ စိုက်ပျိုးရေးသုံး ထွန်စက်များအတွက်ပါ ဆီဝယ်ယူရခက်ခဲသဖြင့် လယ်ထွန်နောက်ကျခြင်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်ကာ ကုန်ဈေးနှုန်းတက်ခြင်းတို့ကို ရင်ဆိုင်နေရသည်။ စိုက်ပျိုးရေးကို အဓိကအားထားရသည့် ဒေသဖြစ်သောကြောင့် နေ့စဉ်စားဝတ်နေရေးနှင့် လုပ်ငန်းများအဆင်ပြေစေရန် စက်သုံးဆီရောင်းချမှုဆိုင်ရာ ကန့်သတ်ချက်များကို ပြန်လည်ဖြေလျှော့ပေးရန် ဒေသခံများက တောင်းဆိုနေကြကြောင်း သိရသည်။

news-view-count-icon

8