back

မြန်မာနိုင်ငံတွင် WiFi ပြတ်တောက်မှုများ ဖြစ်ပေါ်ပါက သုံးစွဲသူများ လျော်ကြေးနှင့် အစားထိုးဝန်ဆောင်မှု တောင်းခံနိုင်

Jun 22 • 2:59 AM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံတွင် WiFi ပြတ်တောက်မှုများ ဖြစ်ပေါ်ပါက သုံးစွဲသူများ လျော်ကြေးနှင့် အစားထိုးဝန်ဆောင်မှု တောင်းခံနိုင်

မြန်မာနိုင်ငံအတွင်း အင်တာနက် (WiFi) ဝန်ဆောင်မှု ပြတ်တောက်မှုများ ဖြစ်ပေါ်ပါက သုံးစွဲသူများအနေဖြင့် လျော်ကြေးငွေ သို့မဟုတ် အစားထိုးဝန်ဆောင်မှုများ တောင်းခံနိုင်ပ...

မြန်မာနိုင်ငံအတွင်း အင်တာနက် (WiFi) ဝန်ဆောင်မှု ပြတ်တောက်မှုများ ဖြစ်ပေါ်ပါက သုံးစွဲသူများအနေဖြင့် လျော်ကြေးငွေ သို့မဟုတ် အစားထိုးဝန်ဆောင်မှုများ တောင်းခံနိုင်ပြီး ဝန်ဆောင်မှုကုမ္ပဏီများက စာချုပ်ပါအတိုင်း လိုက်နာရန် လိုအပ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။လတ်တလောတွင် အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်မှုကြောင့် အွန်လိုင်းစီးပွားရေးသမားများ၊ Work From Home လုပ်ကိုင်သူများနှင့် ကျောင်းသားလူငယ်များ ထိခိုက်မှုရှိနေပြီး သုံးစွဲသူအချို့မှာ လိုင်းပြတ်တောက်ချိန်အတွင်း မိုဘိုင်းဒေတာများ အပိုကုန်ကျစရိတ်စိုက်သုံးနေရသော်လည်း လျော်ကြေးရရှိခြင်းမရှိဘဲ အောင့်ခံနေရသည်ဟု ဆိုကြသည်။ သုံးစွဲသူများအနေဖြင့် လိုင်းပြတ်သည့်မှတ်တမ်းများ သိမ်းဆည်းထားကာ လျော်ကြေးပေးရန် ငြင်းဆိုခံရပါက သက်ဆိုင်ရာဌာနသို့ တိုင်ကြားနိုင်ပြီး ဝန်ဆောင်မှုကုမ္ပဏီများအနေဖြင့်လည်း ပြတ်တောက်ရသည့်အကြောင်းရင်းကို ရှင်းလင်းအသိပေးကာ ပြင်ဆင်ပေးရန် တာဝန်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

news-view-count-icon

25