မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းတိုးလုပ်ငန်း ဆောင်ရွက်ချိန်ကို လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ရုံးဖွင့်ရက် ၃ ရက် (3 Working Days) ကြာမှ ပြန်လည်ထုတ်ပေးမည့်စနစ်သို့ ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။ယခင်က ဝေးလံသောဒေသများမှ လာရသူများနှင့် အလုပ်ပါမစ်ကိစ္စရပ်များအတွက် ထည့်သွင်းစဉ်းစားကာ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သော်လည်း၊ နေ့စဉ် လာရောက်ဝန်ဆောင်မှုယူသူ ၃၅၀ မှ ၄၅၀ ဦးအထိ ရှိနေသဖြင့် စောင့်ဆိုင်းရချိန် ကြာမြင့်မှုများအပေါ် အဆင်ပြေချောမွေ့စေရန် ယခုကဲ့သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။အချိန်ဇယားအသစ်အရ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို နံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲအထိ လျှောက်ထားရမည်ဖြစ်ပြီး၊ ပြန်လည်ထုတ်ပေးချိန်မှာ လျှောက်ထားသည့်နေ့အပါအဝင် ရုံးဖွင့်ရက် ၃ ရက်မြောက်နေ့၏ မွန်းလွဲ ၃ နာရီမှ ညနေ ၄ နာရီခွဲအတွင်း ဖြစ်သည်။ ပြန်လည်ထုတ်ယူရာတွင် သံရုံးမှထုတ်ပေးထားသည့် လက်ခံဖြတ်ပိုင်း (မူရင်း) ပြသရမည်ဖြစ်သည်။ အခြားသော ကောင်စစ်ဆိုင်ရာဝန်ဆောင်မှုများကိုမူ ပုံမှန်အတိုင်း နေ့ချင်းပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ၊ နိုင်ငံကူးလက်မှတ်ကို နေ့ချင်းပြီးရအောင် လုပ်ဆောင်ပေးမည်ဆိုသည့် လိမ်လည်လှည့်ဖြားမှုများကိုလည်း သတိပြုကြရန် သံရုံးက တိုက်တွန်းထားသည်။
မလေးရှားရှိ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလုပ်ငန်း ဆောင်ရွက်ချိန်ကို ဇူလိုင် ၁ ရက်မှစတင်၍ ပြောင်းလဲမည်
Jun 21 • 2:52 AM
Malaysia
Local
Share
| 12 | 0 | 0 | 0 |


