back

ဥပဒေသစ်အရ ပထမဆုံး အနီကတ်ပြထုတ်ပယ်ခံရသူအဖြစ် အယ်လ်မီရွန် မှတ်တမ်းဝင်

Jun 21 • 1:51 AM

breaking-news

Myanmar

International

cover

ဥပဒေသစ်အရ ပထမဆုံး အနီကတ်ပြထုတ်ပယ်ခံရသူအဖြစ် အယ်လ်မီရွန် မှတ်တမ်းဝင်

ပါရာဂွေးအသင်းကစားသမား အယ်လ်မီရွန်သည် တူရကီကို ၁-၀ ဂိုးဖြင့် နိုင်သည့်ပွဲတွင် ပြိုင်ဘက်ကစားသမား မူလ်ဒေါအား ပါးစပ်ကို လက်ဖြင့်ကာ၍ တစ်စုံတစ်ရာ ပြောဆိုခဲ့မှုကြောင့်...

ပါရာဂွေးအသင်းကစားသမား အယ်လ်မီရွန်သည် တူရကီကို ၁-၀ ဂိုးဖြင့် နိုင်သည့်ပွဲတွင် ပြိုင်ဘက်ကစားသမား မူလ်ဒေါအား ပါးစပ်ကို လက်ဖြင့်ကာ၍ တစ်စုံတစ်ရာ ပြောဆိုခဲ့မှုကြောင့် VAR ပြန်လည်ကြည့်ရှုပြီးနောက် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ပြီးခဲ့သည့် ဧပြီလ ဖီဖာကွန်ဂရက်တွင် အတည်ပြုခဲ့သည့် အဆိုပါ ဥပဒေသစ်သည် ဖေဖော်ဝါရီလက ဗင်နီစီယပ်စ်အပေါ် ပရက်စတီယန်နီ၏ ပြုမူမှုကြောင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး အယ်လ်မီရွန်သည် ယင်းဥပဒေဖြင့် ပထမဆုံး အနီကတ်ပြခံရသူ ဖြစ်လာခဲ့သည်။ စိတ်ဝင်စားစရာမှာ အယ်လ်မီရွန်သည် အမေရိကန်နှင့်ပွဲတွင်လည်း ပယ်နယ်တီဧရိယာပြင်ပ ဟန်ဆောင်လဲကျမှု (ဒိုင်ဗင်ထိုးမှု) ဥပဒေသစ်အရ အဝါကတ် ပြသခံခဲ့ရဖူးသည်။

news-view-count-icon

16