ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေလျှံမှုကြောင့် မနေ့ ညနေပိုင်းက ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ ဇွန်လ ၂၀ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် မိုးကောင်းမြို့နယ်ရှိ ဈေးကုန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် အလယ်ရပ်ကွက်များအတွင်းသို့ ချောင်းရေများ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ ရေကြီးမှုဖြစ်ပွားရာနေရာများသို့ မိုးကောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ Speed Boat (၁) စီး၊ ရာဘာလှေ (၁) စီး၊ Fiber လှေ (၂) စီး၊ သစ်သားလှေ (၃) စီးတို့ဖြင့် ရေဘေးသင့်အိမ်ထောင်စုများကို ရေဘေးလွတ်ရာ ယာယီကယ်ဆယ်ရေးစခန်းများသို့ ကူညီရွှေ့ပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေလျှံမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား
Jun 21 • 1:49 AM
Myanmar
Kachin
Share
| 20 | 0 | 0 | 0 |


