back

မြန်မာ့ထမနဲကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြား

Jun 20 • 7:01 AM

breaking-news

Myanmar

Local

cover

မြန်မာ့ထမနဲကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြား

မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ နဝမအကြိမ်အစည်းအဝေးကို ဇွန်လ ၁၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေ...

မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ နဝမအကြိမ်အစည်းအဝေးကို ဇွန်လ ၁၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် မြန်မာ့ထမနဲကို UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းအသိအမှတ်ပြုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ဒုတိယသမ္မတက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့များကို ရှာဖွေဖော်ထုတ်ထိန်းသိမ်းရန်နှင့် တိမ်မြုပ်ပျောက်ကွယ်နေသည့် ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို အလေးထားသုတေသနပြု ဖော်ထုတ်ထိန်းသိမ်းကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

11