back

လက်ဘနွန်အပေါ် မတိုက်ခိုက်ဖို့ အစ္စရေးကို နားချနိုင်ဟု အမေရိကန်သမ္မတထရန့်မှ ပြော

Jun 20 • 4:12 AM

breaking-news

Myanmar

International

cover

လက်ဘနွန်အပေါ် မတိုက်ခိုက်ဖို့ အစ္စရေးကို နားချနိုင်ဟု အမေရိကန်သမ္မတထရန့်မှ ပြော

အစ္စရေးကို လက်ဘနွန်အပေါ် နောက်ထပ် မတိုက်ခိုက်အောင် သူ ဖျောင်းဖျနားချနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။Axios သတင်းဌာနက 'လက်ဘနွန်အပေါ် နောက်...

အစ္စရေးကို လက်ဘနွန်အပေါ် နောက်ထပ် မတိုက်ခိုက်အောင် သူ ဖျောင်းဖျနားချနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။Axios သတင်းဌာနက 'လက်ဘနွန်အပေါ် နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်အောင် တားဆီးနိုင်မလား' လို့ မေးတဲ့အခါ ထရန့်က "အင်း၊ ကျုပ်တားနိုင်မှာပါ" လို့ ပြန်ဖြေခဲ့ပါတယ်။ ပြီးတော့ သူက "သူတို့ ကျုပ်ကို တော်တော်လေး လေးစားတာ မဆန်းပါဘူး၊ ပြီးတော့ ကျုပ်ပြောတဲ့အတိုင်းလည်း သူတို့ လုပ်ကြတာပဲလေ" လို့ ရှင်းပြခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ ဟစ်ဇဘိုလာရဲ့ တိုက်ခိုက်မှုမှန်သမျှကို အစ္စရေးဘက်က ပြန်တုံ့ပြန်သွားမှာဖြစ်သလို အစ္စရေးစစ်တပ်အနေနဲ့လည်း လက်ဘနွန်တောင်ပိုင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ အစောပိုင်းမှာ သတိပေး ကတိပြုထားခဲ့တာပါ။နောက်ပိုင်းမှာတော့ အမေရိကန် သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ရိုက်တာ(Reuters) သတင်းဌာနက ဖော်ပြရာမှာတော့ အစ္စရေးနဲ့ ဟစ်ဇဘိုလာတို့ဟာ ဂရင်းနစ်စံတော်ချိန် နေ့လယ် ၁ နာရီကစပြီး တိုက်ခိုက်မှုတွေ ရပ်စဲဖို့ သဘောတူညီမှု ရရှိခဲ့ကြတယ်လို့ သိရပါတယ်။


news-view-count-icon

13