back

မော်စကို နိုင်ငံတကာခရီးသွားလုပ်ငန်းဖိုရမ်တွင် မြန်မာပါဝင်တက်ရောက်ပြီး ခရီးစဉ်ဒေသများ၏ လုံခြုံရေးနှင့် အလားအလာများကို မိတ်ဆက်ရှင်းလင်း

Jun 19 • 7:35 AM

breaking-news

Myanmar

International

cover

မော်စကို နိုင်ငံတကာခရီးသွားလုပ်ငန်းဖိုရမ်တွင် မြန်မာပါဝင်တက်ရောက်ပြီး ခရီးစဉ်ဒေသများ၏ လုံခြုံရေးနှင့် အလားအလာများကို မိတ်ဆက်ရှင်းလင်း

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ VDNH Exhibition Centre တွင် ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် နိုင်ငံတကာခရီးသွားလုပ်ငန်းဖိုရမ်သိ...

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ VDNH Exhibition Centre တွင် ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် နိုင်ငံတကာခရီးသွားလုပ်ငန်းဖိုရမ်သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာ့ခရီးစဉ်ဒေသများ၏ လုံခြုံရေးနှင့် အလားအလာများကို မိတ်ဆက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ အဆိုပါခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဒုတိယဝန်ကြီးချုပ် မစ္စတာ ဒီမစ်ထရီ ချာနီရှင်ကိုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာ မက်ဆင် ရက်ရှတ်နီကို့ဗ်တို့ ဦးဆောင်သည့် မျက်နှာစုံညီဆွေးနွေးပွဲများသို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

16