back

၂၀၂၇ ခုနှစ်အတွက် သူနာပြု-သားဖွားဒီပလိုမာသင်တန်းများ စတင်လျှောက်ထားနိုင်၊ တက္ကသိုလ်ဝင်တန်းရမှတ်ဖြင့် ရွေးချယ်မည်

Jun 19 • 6:55 AM

breaking-news

Myanmar

Local

cover

၂၀၂၇ ခုနှစ်အတွက် သူနာပြု-သားဖွားဒီပလိုမာသင်တန်းများ စတင်လျှောက်ထားနိုင်၊ တက္ကသိုလ်ဝင်တန်းရမှတ်ဖြင့် ရွေးချယ်မည်

၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် ဖွင့်လှစ်မည့် ၃ နှစ်သင်တန်း သူနာပြု-သားဖွားဒီပလိုမာနှင့် ၂ နှစ်သင်တန်း ဘက်စုံသားဖွားဒီပလိုမာသင်တန်းများအတွက် လျှောက်လွှာများကို ...

၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် ဖွင့်လှစ်မည့် ၃ နှစ်သင်တန်း သူနာပြု-သားဖွားဒီပလိုမာနှင့် ၂ နှစ်သင်တန်း ဘက်စုံသားဖွားဒီပလိုမာသင်တန်းများအတွက် လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းများသို့ ၂၀၂၆ ခုနှစ်မတိုင်မီ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်ပြီး၊ လျှောက်လွှာပိတ်ရက်ဖြစ်သည့် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၈ ရက်တွင် အသက် ၂၅ နှစ်ထက်မကျော်လွန်သူ၊ အိမ်ထောင်မရှိသူ၊ အရပ်အနည်းဆုံး ၅ ပေရှိပြီး ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်ဖြစ်သည်။ သင်တန်းဝင်ခွင့်အတွက် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာ ဘာသာရပ် ၃ ခု၏ စုစုပေါင်းရမှတ်အပေါ် မူတည်၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

38