back

ရန်ကုန်မြို့တွင် မြန်မာ့ကော်ဖီအရသာခွဲခြားနိုင်စွမ်း ယှဉ်ပြိုင်မည့် MWCN Cup Tasters Championship 2026 ပြိုင်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

Jun 19 • 3:29 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့တွင် မြန်မာ့ကော်ဖီအရသာခွဲခြားနိုင်စွမ်း ယှဉ်ပြိုင်မည့် MWCN Cup Tasters Championship 2026 ပြိုင်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

မြန်မာအမျိုးသမီးကော်ဖီကွန်ရက် (MWCN) က ပထမဆုံးအကြိမ် ကြီးမှူးကျင်းပမည့် MWCN Cup Tasters Championship 2026 ပြိုင်ပွဲကို ဇူလိုင် ၃ ရက်နှင့် ၄ ရက်တို့တွင် ရန်ကုန်...

မြန်မာအမျိုးသမီးကော်ဖီကွန်ရက် (MWCN) က ပထမဆုံးအကြိမ် ကြီးမှူးကျင်းပမည့် MWCN Cup Tasters Championship 2026 ပြိုင်ပွဲကို ဇူလိုင် ၃ ရက်နှင့် ၄ ရက်တို့တွင် ရန်ကုန်မြို့ရှိ Yangon Specialty Coffee Hub (The Secretariat Yangon) ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသည် မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကော်ဖီကျွမ်းကျင်သူများ၏ အရသာခံနိုင်စွမ်း (Sensory Skills) ကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲဝင်များသည် မြန်မာ့ကော်ဖီများ၏ အနံ့အရသာကို အလျင်မြန်ဆုံးနှင့် အမှန်ကန်ဆုံး ခွဲခြားယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ထူးချွန်စွာ အနိုင်ရရှိသူများကို ဆုများ၊ ဂုဏ်ပြုဒိုင်းများနှင့် မှတ်တမ်းလွှာများ ချီးမြှင့်မည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဇွန်လ ၂၅ ရက် နောက်ဆုံးထားကာ Google Form မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီး ပြိုင်ပွဲဝင်ကြေးမှာ ငွေကျပ် ၁၅၀,၀၀၀ ဖြစ်သည်။ ထို့ပြင် ပြိုင်ပွဲစည်းမျဉ်းများကို နားလည်စေရန် Pre-Competition Workshop ကိုလည်း ကြိုတင်ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

20