ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ်များတွင် ITS နည်းပညာသုံး GPS စနစ်နှင့် CCTV ကင်မရာများ တပ်ဆင်ထားပြီးဖြစ်ကာ ယာဉ်ကြံ့ခိုင်မှုများကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိကြောင်း ဇွန်လ ၁၆ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောကြားခဲ့သည်။ ယာဉ်ကြံ့ခိုင်မှုအားနည်းခြင်းနှင့် စည်းကမ်းဖောက်ဖျက်မှုများကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားနေမှုကို ထိန်းကျောင်းရန် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ပြည်သူ့ဥယျာဉ်ဝင်းအတွင်းရှိ Control Center မှတစ်ဆင့် YBS ယာဉ်များ၏ မောင်းနှင်မှုနှင့် စည်းကမ်းဖောက်ဖျက်မှုများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးနေပြီး စည်းကမ်းပျက်ကွက်သည့် ယာဉ်ပေါင်း ၁၇,၇၈၁ မှုကို အရေးယူထားပြီးဖြစ်သည်။ အဆိုပါ CCTV နှင့် GPS စနစ်များကို ၂၀၂၂ ခုနှစ်မှ စတင်ညှိနှိုင်းခဲ့ကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ်တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး၊ ရန်ကုန်ရှိ YBS အများပိုင်ကုမ္ပဏီ ၂၁ ခုနှင့် ယာဉ်လိုင်း ၁၃၅ လိုင်းစလုံးကို ယာဉ်ကြံ့ခိုင်မှု စဉ်ဆက်မပြတ်စစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။
ရန်ကုန်ရှိ YBS ယာဉ်များ၌ GPS နှင့် CCTV စနစ်များ တပ်ဆင်ထားပြီး ယာဉ်ကြံ့ခိုင်မှုများကို စဉ်ဆက်မပြတ် စစ်ဆေးနေ
Jun 17 • 2:58 AM
Myanmar
Yangon
Share
| 21 | 0 | 0 | 0 |


