back

ရှမ်းပြည်နယ်၊ ပင်းတယတွင် ဆေးဝါးဈေးနှုန်းများ အဆမတန်မြင့်တက်မှုကြောင့် ဒေသခံများ အခက်ကြုံနေရ

Jun 16 • 6:55 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊ ပင်းတယတွင် ဆေးဝါးဈေးနှုန်းများ အဆမတန်မြင့်တက်မှုကြောင့် ဒေသခံများ အခက်ကြုံနေရ

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်တွင် အခြေခံစားသောက်ကုန်များအပြင် နေ့စဉ်သောက်သုံးရသည့် ဆေးဝါးဈေးနှုန်းများပါ အဆမတန်မြင့်တက်လာသဖြင့် ဒေသခံများ အခက်အခဲကြုံတွ...

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်တွင် အခြေခံစားသောက်ကုန်များအပြင် နေ့စဉ်သောက်သုံးရသည့် ဆေးဝါးဈေးနှုန်းများပါ အဆမတန်မြင့်တက်လာသဖြင့် ဒေသခံများ အခက်အခဲကြုံတွေ့နေရသည်။ သွေးတိုးကျဆေးတစ်ကတ်လျှင် ယခင် ၄၀၀ ကျပ်ဝန်းကျင်မှ ၁,၂၀၀ ကျပ်အထိလည်းကောင်း၊ ငှက်သိုက်အားဆေးမှာ ၈,၀၀၀ ကျပ်မှ ၁၂,၅၀၀ ကျပ်အထိလည်းကောင်း၊ သက်ကြီးရွယ်အိုများအတွက် မော်ရာမင်းဆေးမှာ ၂ သောင်းကျော်မှ ၆ သောင်း၊ ၇ သောင်းအထိလည်းကောင်း ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။ ထို့ပြင် ဆေးဝါးအချို့ကို ဆိုင်ပြောင်း၍ လိုက်လံရှာဖွေဝယ်ယူနေရသည့်အထိ ဝယ်ယူရခက်ခဲလာသဖြင့် ကျေးလက်ဒေသရှိ နာတာရှည်ရောဂါဝေဒနာရှင်များနှင့် လက်လုပ်လက်စား မိသားစုများမှာ ကျန်းမာရေးကုန်ကျစရိတ် ပိုမိုကြီးမားကာ အကျပ်အတည်းဖြစ်နေကြသည်။

news-view-count-icon

13