back

ပြည်တွင်း၌ယစ်မျိုးလိုင်စင်မဲ့ ရောင်းချမှုများအား တိကျစွာတိုင်ကြားပါက စစ်ဆေးအရေးယူမည်ဟုဆို

Jun 16 • 4:33 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ယစ်မျိုးလိုင်စင်မဲ့ ရောင်းချမှုများအား တိကျစွာတိုင်ကြားပါက စစ်ဆေးအရေးယူမည်ဟုဆို

တရားမဝင် ယစ်မျိုးလိုင်စင်မဲ့ ရောင်းချမှုများနှင့် ပတ်သက်၍ တိကျသည့် တိုင်ကြားမှုရှိပါက ကွင်းဆင်းစစ်ဆေးပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြ...

တရားမဝင် ယစ်မျိုးလိုင်စင်မဲ့ ရောင်းချမှုများနှင့် ပတ်သက်၍ တိကျသည့် တိုင်ကြားမှုရှိပါက ကွင်းဆင်းစစ်ဆေးပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လွှတ်တော်တွင် ပြောကြားသည်။ဒလမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းအပေါ် ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပြီး၊ တိုင်ကြားချက်များအပေါ် မူတည်၍ မှန်ကန်မှု ရှိ၊ မရှိ ကွင်းဆင်းဖော်ထုတ်သွားမည် ဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလတာကာလအတွင်း ယစ်မျိုးလိုင်စင်မဲ့နှင့် စည်းကမ်းပျက်ရောင်းချမှုများကို ကွင်းဆင်းစစ်ဆေးကာ လူဦးရေ ၂၆၀ ကျော်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။ထို့ပြင် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း တင်းကျပ်သည့် တားမြစ်ချက်များနှင့် ထိရောက်သည့် ပြစ်ဒဏ်များ ပါဝင်သော ယစ်မျိုးဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။

news-view-count-icon

18