back

မြန်မာဘက်မှ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၆ ဦး ထိုင်းနိုင်ငံ၊ဘုရားသုံးဆူနယ်စပ်တွင် ဖမ်းဆီးခံရ

Jun 15 • 3:29 AM

breaking-news

Thailand

Local News

cover

မြန်မာဘက်မှ ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၆ ဦး ထိုင်းနိုင်ငံ၊ဘုရားသုံးဆူနယ်စပ်တွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်၊ ဘုရားသုံးဆူနယ်စပ်ဂိတ်အနီးတွင် မြန်မာနိုင်ငံဘက်မှ တရားမဝင် ခိုးဝင်လာသည့် တရုတ်အမျိုးသား ၆ ဦးကို ဇွန်လ ၁၄ ရက် ယ...

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်၊ ဘုရားသုံးဆူနယ်စပ်ဂိတ်အနီးတွင် မြန်မာနိုင်ငံဘက်မှ တရားမဝင် ခိုးဝင်လာသည့် တရုတ်အမျိုးသား ၆ ဦးကို ဇွန်လ ၁၄ ရက် ယမန်နေ့မနက်ပိုင်းက ထိုင်းပူးပေါင်းလုံခြုံရေးအဖွဲ့များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ဖမ်းဆီးရမိသူများမှာ အသက် ၂၆ နှစ်အရွယ် ကာအိုကျင်းဟွေး (Cao Jinhui) အပါအဝင် တရုတ်အမျိုးသား ၆ ဦးဖြစ်ပြီး ၎င်းတို့အား ဘုရားသုံးဆူဂိတ်ရှိ ဘုရားရုပ်ပွားတော်ရှေ့တွင် ထိုင်နေစဉ် လှည့်ကင်းရဲတပ်ဖွဲ့က တွေ့ရှိစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက် ၄ ဦးတွင် နိုင်ငံကူးလက်မှတ် (Passport) ပါရှိသော်လည်း ကျန် ၂ ဦးမှာ မည်သည့်အထောက်အထားမျှ မရှိဘဲ ထိုင်းစကားလည်း ပြောဆိုနိုင်ခြင်း မရှိကြပေ။စကားပြန်ဖြင့် စစ်ဆေးချက်အရ ၎င်းတို့သည် မြန်မာနိုင်ငံဘက်ခြမ်းတွင် ရက်ပေါင်း ၂၀ ခန့် အတူနေထိုင်ခဲ့ပြီးနောက် ဇွန်လ ၁၃ ရက်နေ့တွင် မြန်မာဘက်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တောလမ်း (သဘာဝလမ်းကြောင်း) အတိုင်း ခြေလျင်ခိုးဝင်လာခဲ့ကြခြင်း ဖြစ်သည်။ လက်ရှိတွင် ၎င်းတို့အား "ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း ခိုးဝင်နေထိုင်မှု" ဖြင့် စံခလပူရီရဲစခန်း၌ အမှုဖွင့်ကာ ဥပဒေအရ အရေးယူရန် စစ်ဆေးလျက်ရှိသည်။

news-view-count-icon

16