back

ထိုင်းနိုင်ငံတွင် ဆုံးမခြင်းကို မကျေနပ်သည့် ၉ နှစ်အရွယ် ကျောင်းသားတစ်ဦးက ဆရာမအား ဓားမဖြင့် လိုက်လံခုတ်မှုဖြစ်ပွား

Jun 15 • 1:56 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံတွင် ဆုံးမခြင်းကို မကျေနပ်သည့် ၉ နှစ်အရွယ် ကျောင်းသားတစ်ဦးက ဆရာမအား ဓားမဖြင့် လိုက်လံခုတ်မှုဖြစ်ပွား

ထိုင်းနိုင်ငံ၊ စကွန်နခရွန် (Sakon Nakhon) ပြည်နယ်၊ မောင် (Mueang) ခရိုင်ရှိ စာသင်ကျောင်းတစ်ခုတွင် ဇွန်လ ၁၂ ရက်နေ့က တတိယတန်း (Grade 3) ကျောင်းသားတစ်ဦးက အတန်းပိုင...

ထိုင်းနိုင်ငံ၊ စကွန်နခရွန် (Sakon Nakhon) ပြည်နယ်၊ မောင် (Mueang) ခရိုင်ရှိ စာသင်ကျောင်းတစ်ခုတွင် ဇွန်လ ၁၂ ရက်နေ့က တတိယတန်း (Grade 3) ကျောင်းသားတစ်ဦးက အတန်းပိုင်ဆရာမကို ဓားမကြီးတစ်ချောင်းဖြင့် လိုက်လံခုတ်ရန် ကြိုးပမ်းသည့် ထိတ်လန့်ဖွယ်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ် ဗီဒီယိုဖိုင်သည် "Social Hunter 2022" Facebook စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီးနောက် လူထုအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။

ဖြစ်စဉ်မှာ အသက် ၉ နှစ်အရွယ် ကျောင်းသားငယ်သည် အတန်းဖော်တစ်ဦးနှင့် ရန်ဖြစ်ခဲ့သဖြင့် အတန်းပိုင်ဆရာမက ကြားဝင်ဖျန်ဖြေ ဆုံးမခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆုံးမမှုကို မကျေနပ်ဘဲ ဆရာမအား ရိုင်းစိုင်းစွာဆဲဆိုခဲ့သဖြင့် ဆရာမက ၎င်းအား အိမ်သို့ပြန်လွှတ်ကာ မိဘများထံ အကြောင်းကြားခဲ့သည်။ သို့သော် ခေတ္တမျှအကြာတွင် ၎င်းကျောင်းသားငယ်သည် ဓားမကြီးတစ်ချောင်းကိုင်ဆောင်ကာ ကျောင်းသို့ ပြန်လည်ရောက်ရှိလာပြီး ဆရာမအား ကျောင်းဝင်းအတွင်း လိုက်လံခုတ်ရန် ကြိုးပမ်းခဲ့သဖြင့် ဆရာမနှင့် အခြားကျောင်းသားငယ်များ ဘေးလွတ်ရာသို့ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရသည်။ ယင်းဖြစ်စဉ်ကို ကျောင်းစောင့်ဝန်ထမ်းတစ်ဦးက ကြားဝင်ဖျောင်းဖျပြီး ဓားကို ချခိုင်းနိုင်ခဲ့သဖြင့် အန္တရာယ်မရှိဘဲ ပြီးဆုံးသွားခဲ့သည်။လူမှုရေးတက်ကြွလှုပ်ရှားသူ တန်အော (Ton Or Pen Nueng) ၏ ပြောကြားချက်အရ ၎င်းကျောင်းသားငယ်သည် ယခင်ကတည်းက အတန်းဖော်များကို အနိုင်ကျင့်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခြင်းစသည့် ရန်လိုသောအပြုအမူများကို ကာလရှည်ပြုလုပ်လေ့ရှိသူဖြစ်ပြီး ၎င်းကြောင့် အချို့မိဘများက သားသမီးများကို ကျောင်းပြောင်းပေးခဲ့ရသည့်အထိ ရှိခဲ့သည်။ ကျောင်းအာဏာပိုင်များက ၎င်းအား အွန်လိုင်းမှသာ စာသင်ရန် စီစဉ်ဖူးသော်လည်း ကျောင်းပြန်တက်ချိန်တွင် ပိုမိုဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ကျောင်းသားများနှင့် ဆရာမများ၏ လုံခြုံရေးအတွက် ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာသို့ အကူအညီတောင်းခံထားပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကာ ကလေးငယ်၏ အပြုအမူဆိုင်ရာ မိသားစုနောက်ခံများကို စုံစမ်းစစ်ဆေး၍ လိုအပ်သော ပြုပြင်ပျိုးထောင်မှုများနှင့် ကျောင်းတွင်းလုံခြုံရေးအစီအမံများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

14