ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဟွေကွမ်ဒေသတွင် ဇွန်လ ၁၄ ရက် (ယနေ့) နံနက်ပိုင်းက ဆိုင်ကယ်ငှားခနှင့်ပတ်သက်၍ အငြင်းပွားရာမှ အသက် ၃၃ နှစ်အရွယ် နယ်စပ်ကင်းလှည့်ရဲတပ်ကြပ်ကြီး နမ်တက်ပက်ဝပ်တနာက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးဖြစ်သူ အသက် ၁၇ နှစ်အရွယ် ဖြူရစ်မှာ နောက်ကျောတွင် ကျည်ထိမှန်ကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး အခြားဆိုင်ကယ်သမားနှစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးသွားခဲ့သည့် ရဲတပ်ကြပ်ကြီးသည် မက်ကာဆန်ရဲစခန်းသို့ လာရောက်လက်နက်ချအဖမ်းခံခဲ့ပြီး ၎င်းထံမှ ၉ မမ ပစ္စတိုတစ်လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကာ လက်ရှိတွင် ဥပဒေအရ အရေးယူရန် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဘန်ကောက်၌ ဆိုင်ကယ်ကယ်ရီခ အငြင်းပွားရာမှ ဆိုင်ကယ်သမားတစ်ဦးကို ပစ်သတ်ပြီး နှစ်ဦးကို ဒဏ်ရာရစေခဲ့ သည့် နယ်ခြားစောင့်ရဲတပ်ကြပ်ကြီး လက်နက်ချအဖမ်းခံ
Jun 14 • 11:23 AM
Thailand
Local News
Share
| 23 | 0 | 0 | 0 |

မြန်မာ့ဝဥများ တရုတ်သို့ တင်ပို့နိုင်ရေးနှင့် သစ်သီးဝလံကုန်သွယ်မှု မြှင့်တင်ရန် ယူနန်ခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး
ဇွန်လ ၁၃ ရက်မှ ၁၉ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းတို့တွင် မိုးကြီးပြီး လျှပ်တစ်ပြက်ရေကြီး၊ မြေပြိုနိုင်၍ သတိပြုရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင် သတိပေး

