၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ဇွန်လ ၁၂ ရက်က ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၌ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါပွဲစဉ်တွင် ဘော့စနီးယားအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၂၁ မိနစ်တွင် ဂျိုဗိုလူကစ်က ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး၊ အိမ်ရှင်ကနေဒါအသင်းအနေဖြင့် ဂိုးသွင်းခွင့်အချို့ ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုနှင့် ဘော့စနီးယားအသင်း၏ ခိုင်မာသောခံစစ်ကြောင့် ပထမပိုင်းကို တစ်ဂိုးအရှုံးဖြင့် ခက်ခဲစွာ ဖြတ်သန်းခဲ့ရကြောင်း သိရသည်။
Jun 14 • 9:14 AM
Myanmar
International
Share
| 38 | 0 | 0 | 0 |


