back

ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ်တွင် ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက အခမဲ့ ကွင်းဆင်းဆေးကုသပေးမည်

Jun 14 • 9:12 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ်တွင် ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက အခမဲ့ ကွင်းဆင်းဆေးကုသပေးမည်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၌ လာမည့် ဇွန်လ ၁၈ ရက် (ကြာသပတေးနေ့) နံနက် ၈ နာရီမှစတင်ကာ ပါမောက္ခနှင့် အထူးကုဆရာဝန်...

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၌ လာမည့် ဇွန်လ ၁၈ ရက် (ကြာသပတေးနေ့) နံနက် ၈ နာရီမှစတင်ကာ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက အခမဲ့ ကွင်းဆင်းဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး အပါအဝင် အထူးကုဆေးရုံကြီးများနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး၊ ပြည်သူများအနေဖြင့် အထွေထွေရောဂါ၊ ဆီးချို၊ ခွဲစိတ်၊ အရိုး၊ နှလုံး၊ စိတ်ကျန်းမာရေး၊ အရေပြား၊ ကလေး၊ မျက်စိ နှင့် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုကဏ္ဍစုံအလိုက် မည်သူမဆို လာရောက်ပြသ ကုသနိုင်ကြောင်း သိရသည်။

news-view-count-icon

30