back

မန်းဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်နေသော ဖီဒါများ၏ Multifunction Meter များအား အသစ်အစားထိုးလဲလှယ်တပ်ဆင်မည်

Jun 14 • 9:06 AM

breaking-news

Myanmar

Magway

cover

မန်းဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်နေသော ဖီဒါများ၏ Multifunction Meter များအား အသစ်အစားထိုးလဲလှယ်တပ်ဆင်မည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၌ တည်ရှိသည့် မန်းဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်နေသော ဖီဒါများ၏ Multifunction Meter များအား အသစ်အစားထိုး လ...

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၌ တည်ရှိသည့် မန်းဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်နေသော ဖီဒါများ၏ Multifunction Meter များအား အသစ်အစားထိုး လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါလုပ်ငန်းကို မန်းဓာတ်အားပေးစက်ရုံအား Supervisory Control And Data Acquisition (SCADA) စနစ်ဖြင့် ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်နေသော အခြေအနေကို နေပြည်တော်ရှိ အမျိုးသားဓာတ်အားစနစ် ထိန်းချုပ်ကွပ်ကဲမှုဗဟိုဌာန (National Control Center - NCC) မှ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်၊ ဓာတ်အားစနစ် ထိန်းချုပ်ကွပ်ကဲမှု ပိုမိုကောင်းမွန်စေရန်နှင့် ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

28