back

နိုင်ငံတကာပြိုင်ပွဲများ၌ မြန်မာ့ဖူဆယ်အသင်းများ အောင်မြင်မှုရရှိရေးနှင့် ပြိုင်ပွဲများအား Hey Play မှ တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ရေး MFF ဖူဆယ်လိဂ်ကော်မတီ ဆွေးနွေး

Jun 14 • 9:04 AM

breaking-news

Myanmar

Local

cover

နိုင်ငံတကာပြိုင်ပွဲများ၌ မြန်မာ့ဖူဆယ်အသင်းများ အောင်မြင်မှုရရှိရေးနှင့် ပြိုင်ပွဲများအား Hey Play မှ တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ရေး MFF ဖူဆယ်လိဂ်ကော်မတီ ဆွေးနွေး

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်လိဂ်ကော်မတီ၏ (၁/၂၀၂၆) အစည်းအဝေးကို ဇွန်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ရှိ MFF Futsal Stadium ၌ ကျင်းပခဲ့ပြီး၊ လာမည့်နိုင်ငံတ...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်လိဂ်ကော်မတီ၏ (၁/၂၀၂၆) အစည်းအဝေးကို ဇွန်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ရှိ MFF Futsal Stadium ၌ ကျင်းပခဲ့ပြီး၊ လာမည့်နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းများ ရလဒ်ကောင်းများရရှိရေးနှင့် ပြည်တွင်းဖူဆယ်လိဂ်ပြိုင်ပွဲအဆင့်ဆင့်ကို စနစ်တကျကျင်းပနိုင်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း ကျင်းပမည့် မြန်မာ့ဖူဆယ်ပြိုင်ပွဲစဉ်များကို ပရိသတ်များ တိုက်ရိုက်ကြည့်ရှုနိုင်ရန်အတွက် MFF ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီသည် Hey Play Company Limited နှင့် Host Broadcaster (HB) စာချုပ်ကို အစည်းအဝေးအပြီးတွင် ချုပ်ဆိုခဲ့ရာ၊ ပြိုင်ပွဲများကို Hey Play TV Channel နှင့် YouTube Channel တို့မှတစ်ဆင့် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

38