ဗီယက်နမ်အခြေစိုက် လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ VinFast သည် နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်နှင့် မြို့ကြီးပေါင်း ၃၀ ကျော်တွင် လျှပ်စစ်ဆိုင်ကယ် (Electric Motorcycle) အရောင်းပြခန်းအသစ် ၆၆ ခုကို ဇွန်လအတွင်း တစ်ပြိုင်နက်တည်း တိုးချဲ့ဖွင့်လှစ်လိုက်ရာ ၎င်းတို့၏ အရောင်းကွန်ရက်ကို ပိုမိုအားကောင်းလာစေသည်။ ယခုကဲ့သို့ အရောင်းပြခန်းများ အပြင်းအထန် တိုးချဲ့ခြင်းမှာ ပြည်တွင်း၌ အစိမ်းရောင်သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်ဆိုင်ကယ် ဝယ်လိုအား အရှိန်အဟုန်ဖြင့် မြင့်တက်လာမှုကို ဖြည့်ဆည်းပေးရန်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ လျှပ်စစ်ဆိုင်ကယ်မော်ဒယ်များကို ပိုမိုလွယ်ကူစွာ ဝယ်ယူအားပေးနိုင်မည် ဖြစ်သည်။ ထို့ပြင် VinFast အနေဖြင့် အရောင်းပြခန်းသစ်များ ဖွင့်လှစ်ခြင်းတင်မကဘဲ ပြုပြင်ထိန်းသိမ်းရေးနှင့် ဘက်ထရီလဲလှယ်ရေး ဝန်ဆောင်မှုကွန်ရက် (Service Network) များကိုပါ တစ်ပါတည်း မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Jun 14 • 3:14 AM
Vietnam
Local News
Share
| 12 | 0 | 0 | 0 |


