back

မြန်မာနိုင်ငံသားပိုင် jewellery လုပ်ငန်း ယူအေအီးနိုင်ငံ၌ ကျင်းပသည့် (၅၇)ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ပါဝင်ပြသနိုင်ခဲ့

Jun 14 • 2:28 AM

breaking-news

UAE

Local News

cover

မြန်မာနိုင်ငံသားပိုင် jewellery လုပ်ငန်း ယူအေအီးနိုင်ငံ၌ ကျင်းပသည့် (၅၇)ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ပါဝင်ပြသနိုင်ခဲ့

ယူအေအီးနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသားပိုင် Thazin Jewellery LLC ပါဝင်ပြသနေသည့် (၅၇)ကြိမ်မြောက် အရှေ့အလယ်ပိုင်းနာရီနှင့် ကျောက်မျက်ရတနာပြပွဲကို ရှာဂျားပြည်နယ်...

ယူအေအီးနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသားပိုင် Thazin Jewellery LLC ပါဝင်ပြသနေသည့် (၅၇)ကြိမ်မြောက် အရှေ့အလယ်ပိုင်းနာရီနှင့် ကျောက်မျက်ရတနာပြပွဲကို ရှာဂျားပြည်နယ် ရှာဂျားပြပွဲစင်တာ၌ ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပလျက်ရှိသည်။ ဇွန်လ ၁၀ ရက်က ပြုလုပ်သော ဖွင့်ပွဲသို့ ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်း တက်ရောက်ခဲ့ပြီး၊ နောင်ကျင်းပမည့်ပြပွဲများတွင် မြန်မာပြခန်းဆောင်တည်ဆောက်ကာ မြန်မာ့ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် ပုလဲများကို ကျယ်ကျယ်ပြန့်ပြန့် လာရောက်ပြသနိုင်ရေး အစိုးရအရာရှိကြီးများနှင့် ဆွေးနွေးခဲ့သည်။ အဆိုပါပြပွဲသည် အရှေ့အလယ်ပိုင်းဒေသတွင် အကြီးဆုံးပြပွဲတစ်ခုဖြစ်ပြီး ယခုပြပွဲ၌ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ကျောက်မျက်လုပ်ငန်းရှင် ၄၀၀ ခန့် ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။

news-view-count-icon

17