back

ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွင်း တရားမဝင်လုပ်သားများ ခိုင်းစေမှုရှိမရှိ ဆက်တိုက် စစ်ဆေး‌နေ

Jun 14 • 1:29 AM

breaking-news

Thailand

Local News

cover

ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွင်း တရားမဝင်လုပ်သားများ ခိုင်းစေမှုရှိမရှိ ဆက်တိုက် စစ်ဆေး‌နေ

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် တရားမဝင်ရွှေ့ပြောင်းလုပ်သားများ ခိုင်းစေမှုရှိမရှိ ထိုင်းအာဏာပိုင်များက ဆက်တိုက်စစ်ဆေးလျက်ရှိရာ ဇွန်လ ၁၀ ရက်နှ...

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် တရားမဝင်ရွှေ့ပြောင်းလုပ်သားများ ခိုင်းစေမှုရှိမရှိ ထိုင်းအာဏာပိုင်များက ဆက်တိုက်စစ်ဆေးလျက်ရှိရာ ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက် နှစ်ရက်အတွင်း အထောက်အထားမစုံသည့် မြန်မာလုပ်သား ၆၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်။ ဒေသခံများ၏ တိုင်ကြားချက်အရ ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၀ ရက်က အယုဒ္ဓယခရိုင်တွင် ၄ ဦး၊ ဇွန်လ ၁၁ ရက်တွင် ပထုန်ဌာနီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ၃၃ ဦးနှင့် ချွန်ဘူရီပြည်နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခွင်တစ်ခု၌ ၂၁ ဦး ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများသည် အလုပ်လုပ်ကိုင်ခွင့် (Work permit) မရှိဘဲ လုပ်ကိုင်မှုဖြင့် အမှုဖွင့်ခံရပြီး ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရမည့်အပြင် မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည်ဖြစ်ကာ ၂ နှစ်အတွင်း အလုပ်လုပ်ခွင့်လက်မှတ် ပြန်လျှောက်ခွင့်ရမည်မဟုတ်ပေ။ ထို့ပြင် အထောက်အထားမစုံသည့် လုပ်သားများကို ခန့်အပ်ခဲ့သည့် အလုပ်ရှင်များလည်း လုပ်သားတစ်ဦးလျှင် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

news-view-count-icon

12