back

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ်၌ ၂၆ ကြိမ်မြောက် ရွှီးရီကျောက်ပုစွန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပ

Jun 13 • 11:34 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ်၌ ၂၆ ကြိမ်မြောက် ရွှီးရီကျောက်ပုစွန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပ

တရုတ်နိုင်ငံ၊ ကျန်းဆူးပြည်နယ်၊ ဟွိုင်အန်းမြို့၊ ရွှီးရီခရိုင်၌ ကြီးမှူးကျင်းပသည့် ၂၆ ကြိမ်မြောက် ရွှီးရီ ကျောက်ပုစွန် (crayfish) ပွဲတော်၏ ပျော်ရွှင်ဖွယ် ကျောက်ပ...

တရုတ်နိုင်ငံ၊ ကျန်းဆူးပြည်နယ်၊ ဟွိုင်အန်းမြို့၊ ရွှီးရီခရိုင်၌ ကြီးမှူးကျင်းပသည့် ၂၆ ကြိမ်မြောက် ရွှီးရီ ကျောက်ပုစွန် (crayfish) ပွဲတော်၏ ပျော်ရွှင်ဖွယ် ကျောက်ပုစွန်စားပွဲတော်ကြီးကို ဇွန်လ ၁၂ ရက်နေ့တွင် စတင်ခဲ့ရာ အရပ်ရပ်မှ ခရီးသွားဧည့်သည်များစွာကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ၃ ရက်ကြာပွဲတော်အတွက် ဝင်ခွင့်လက်မှတ်အစောင်ရေ ၄၀,၀၀၀ ခန့် ရောင်းချခဲ့ရပြီးဖြစ်ကာ ပွဲတော်ကာလအတွင်း ကျောက်ပုစွန် တန်ချိန် ၁၂၀ ခန့် ရောင်းချရမည်ဟု ခန့်မှန်းထားသဖြင့် ဒေသတွင်း စားသောက်မှု၊ တည်းခိုမှုနှင့် ဈေးဝယ်မှုကွင်းဆက်တစ်ခုလုံးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အချက်အလက်များအရ ရွှီးရီခရိုင် ကျောက်ပုစွန်လုပ်ငန်းကွင်းဆက်တစ်ခုလုံး၏ စုစုပေါင်းထုတ်လုပ်မှုတန်ဖိုးမှာ ယွမ် ၄၀.၈ ဘီလီယံရှိပြီး ခရိုင်လူဦးရေ ခြောက်ပုံတစ်ပုံနီးပါးမှာ အဆိုပါလုပ်ငန်း၌ လုပ်ကိုင်လျက်ရှိကာ ကျောက်ပုစွန်လုပ်ငန်းဝင်ငွေသည် တောင်သူများ၏ လူတစ်ဦးချင်း ပျမ်းမျှအသုံးပြုနိုင်သောဝင်ငွေ၏ ၃၂.၅ ရာခိုင်နှုန်းအထိ ရှိကြောင်းသိရသည်။

news-view-count-icon

7