back

ကမ္ဘောဒီးယားမှ ပြောင်းရွှေ့လာပြီး ဗီယက်နမ်၌ ကျားဖြန့်လုပ်ငန်းလုပ်ရန် ပြင်ဆင်နေသည့် တရုတ်နိုင်ငံသား ၈၃ ဦးကို ဟိုတယ်တစ်ခုအတွင်း စီးနင်းဖမ်းဆီးရမိ

Jun 13 • 11:31 AM

breaking-news

Vietnam

Local News

cover

ကမ္ဘောဒီးယားမှ ပြောင်းရွှေ့လာပြီး ဗီယက်နမ်၌ ကျားဖြန့်လုပ်ငန်းလုပ်ရန် ပြင်ဆင်နေသည့် တရုတ်နိုင်ငံသား ၈၃ ဦးကို ဟိုတယ်တစ်ခုအတွင်း စီးနင်းဖမ်းဆီးရမိ

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်ရှိ ဟိုတယ်တစ်ခုလုံးကို ငှားရမ်း၍ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်ရန် ကြိုတင်ပြင်ဆင်နေသည့် တရုတ်နိုင်ငံသ...

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်ရှိ ဟိုတယ်တစ်ခုလုံးကို ငှားရမ်း၍ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်ရန် ကြိုတင်ပြင်ဆင်နေသည့် တရုတ်နိုင်ငံသား ၈၃ ဦးကို ဆက်သွယ်ရေးကွန်ပျူတာ၊ ဖုန်းလိုင်းများနှင့်အတူ ဟိုချီမင်းရဲတပ်ဖွဲ့နှင့် လဝကပူးပေါင်းအဖွဲ့က ဇွန်လ ၈ ရက်တွင် ရှောင်တခင် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း ဇွန်လ ၁၂ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဖမ်းဆီးရမိသူများသည် တရုတ်နှင့် ကမ္ဘောဒီးယားနယ်စပ်များမှတစ်ဆင့် တရားမဝင် ခိုးဝင်လာကြသူများဖြစ်ပြီး၊ ကမ္ဘောဒီးယားရှိ အွန်လိုင်းလိမ်လည်မှုစခန်းများက တရုတ်အစိုးရနှင့် အင်တာပိုလ် (Interpol) တို့၏ ဖိအားပေးမှုကို ရင်ဆိုင်နေရသဖြင့် ဗီယက်နမ်ဘက်သို့ ရွှေ့ပြောင်းလာကာ မူရင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံသားများကို အွန်လိုင်းမှတစ်ဆင့် လိမ်လည်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းတို့အနက် အဓမ္မစေခိုင်းခံရသူများ ပါဝင်နေခြင်း ရှိ၊ မရှိကို ဗီယက်နမ်အာဏာပိုင်များက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

9