back

ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မြန်မာအပါအဝင် တရားမဝင်ရွှေ့ပြောင်းလုပ်သား ၁၁၄ ဦး ဖမ်းဆီးခံရ

Jun 13 • 10:17 AM

breaking-news

Thailand

Local News

cover

ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မြန်မာအပါအဝင် တရားမဝင်ရွှေ့ပြောင်းလုပ်သား ၁၁၄ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ပထုံထာနီခရိုင်၊ ဓနုလှောင်မြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနက ဝင်ရောက်စစ်ဆေးခဲ့ရာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ...

ထိုင်းနိုင်ငံ၊ ပထုံထာနီခရိုင်၊ ဓနုလှောင်မြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနက ဝင်ရောက်စစ်ဆေးခဲ့ရာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိသည့်အပြင် တရားမဝင်နေထိုင်နေသော ရွှေ့ပြောင်းလုပ်သား ၁၁၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးခံရသူများတွင် တရုတ်နိုင်ငံသား ၈၅ ဦး၊ မြန်မာနိုင်ငံသား ၂၇ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦးတို့ ပါဝင်ပြီး ၎င်းတို့အား ဥပဒေအရ အရေးယူကာ မိခင်နိုင်ငံများသို့ ပြန်လည်နှင်ထုတ်သွားမည်ဖြစ်သည်။ ထို့ပြင် ဥပဒေချိုးဖောက်သည့် အလုပ်ရှင်တစ်ဦးကိုလည်း ပြစ်မှုဆိုင်ရာစွဲချက်များဖြင့် ဖမ်းဆီးကာ ဓနုလှောင်ရဲစခန်းသို့ လွှဲပြောင်းထားကြောင်း သိရသည်။

news-view-count-icon

16