back

(၁၀) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံရေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီး နှစ်နိုင်ငံနယ်နိမိတ်တစ်လျှောက် ညှိနှိုင်းကင်းလှည့်နိုင်ရေး ဆွေးနွေး

Jun 13 • 10:01 AM

breaking-news

Thailand

Local News

cover

(၁၀) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံရေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီး နှစ်နိုင်ငံနယ်နိမိတ်တစ်လျှောက် ညှိနှိုင်းကင်းလှည့်နိုင်ရေး ဆွေးနွေး

(၁၀) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံရေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၁၀ ရက် နံနက်ပိုင်းက ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ...

(၁၀) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံရေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၁၀ ရက် နံနက်ပိုင်းက ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ ရေတပ်တာဝန်ရှိသူများက နှစ်နိုင်ငံနယ်နိမိတ်တစ်လျှောက် ညှိနှိုင်းကင်းလှည့်နိုင်ရေး၊ စစ်ရေယာဉ်များ အပြန်အလှန်လည်ပတ်စဉ် ဆောင်ရွက်မည့် အစီအစဉ်များ၊ နှစ်နိုင်ငံ ရေတပ်ဆိုင်ရာများနှင့် လေ့ကျင့်ရေး၊ သတင်းအချက်အလက်ဖလှယ်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။ ယင်းဆွေးနွေးချက်များကို ဇွန်လ ၁၁ ရက် နံနက်ပိုင်းတွင် သန်လျင်တပ်နယ်၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်၌ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး၊ အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန် ပေးအပ်ခဲ့ကြကာ တပ်မတော်(ရေ)နှင့် ထိုင်းဘုရင့်ရေတပ်တို့၏ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆင်မြူလေတာများ၏ သရုပ်ပြသမှုများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

news-view-count-icon

14