ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Grand Palace (တော်ဝင်နန်းတော်) နှင့် မြဘုရားကျောင်းတော်တို့ကို နတ်ရွာစံ ထိုင်းမင်းသမီး ဘာဂျာကီတီယာဗာ (Princess Bajrakitiyabha) အတွက် တော်ဝင်ကောင်းမှုကုသိုလ်ပြုအခမ်းအနားများ ကျင်းပရန် ဇွန်လ ၁၃ ရက်မှ ၁၉ ရက်အထိ လာရောက်လည်ပတ်သူများအတွက် ပိတ်ထားမည်ဖြစ်ကြောင်း တော်ဝင်နန်းတော်ဗျူရိုက ထုတ်ပြန်သည်။ အဆိုပါကာလအတွင်း ပြည်သူများအနေဖြင့် နန်းတော်အတွင်းရှိ သတ်မှတ်ခန်းမ၌ မင်းသမီး၏ဓာတ်ပုံရှေ့တွင် သပ္ပာယ်ရေသွန်းလောင်းခြင်းနှင့် ဝမ်းနည်းကြောင်းမှတ်တမ်းရေးထိုးခြင်းများကို ဇွန်လ ၁၄ ရက်မှ ၁၆ ရက်အထိ ပြုလုပ်နိုင်ပြီး၊ လာရောက်ကြသူများအနေဖြင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဝတ်စုံများကို စနစ်တကျ ဝတ်ဆင်ကြရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
ထိုင်းမင်းသမီး ကောင်းမှုကုသိုလ်ပြုအခမ်းအနားကြောင့် Grand Palace နှင့် မြဘုရားကျောင်းတော်ကို ဇွန်လ ၁၃ ရက်မှ ၁၉ ရက်အထိ ပိတ်ထားမည်
Jun 13 • 8:45 AM
Thailand
Local News
Share
| 25 | 0 | 0 | 0 |


