back

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများအနက် ဖြိုချဖျက်ဆီးရန် ၂၁ လုံးသာ ကျန်ရှိ

Jun 12 • 11:41 AM

breaking-news

Myanmar

Kayin

cover

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများအနက် ဖြိုချဖျက်ဆီးရန် ၂၁ လုံးသာ ကျန်ရှိ

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများ...

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများကို အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းနှင့် အသုံးပြုခဲ့သည့်ပစ္စည်းများကို စနစ်တကျဖျက်ဆီးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဇွန်လ ၁၁ ရက် (မနေ့က) တွင်လည်း ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၃ ထပ်လူနေအဆောက်အအုံ ၄ လုံးကို ထပ်မံ၍ စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ရာ လက်ရှိတွင် ဖျက်ဆီးရန် ၂၁ လုံးသာ ကျန်ရှိတော့ကြောင်း သိရသည်။

news-view-count-icon

28