ကရင်ပြည်နယ်၊မြဝတီမြို့တွင် ဂေါက်ကွင်းရေကန်အတွင်း ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးသွားသည့် လူငယ်၏ရုပ်အလောင်း ပြန်လည်တွေ့ရှိ

Jun 12 • 11:39 AM

breaking-news

Myanmar

Kayin

cover

ကရင်ပြည်နယ်၊မြဝတီမြို့တွင် ဂေါက်ကွင်းရေကန်အတွင်း ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးသွားသည့် လူငယ်၏ရုပ်အလောင်း ပြန်လည်တွေ့ရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ဂေါက်ကွင်းဝင်းအတွင်းရှိ ရေကန်ထဲ၌ ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့သည့် လူငယ်တစ်ဦး၏ ရုပ်အလောင်းကို ဇွန်လ ၁၂ ရက် (ယနေ့) နေ့လယ်ပိုင်း...

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ဂေါက်ကွင်းဝင်းအတွင်းရှိ ရေကန်ထဲ၌ ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့သည့် လူငယ်တစ်ဦး၏ ရုပ်အလောင်းကို ဇွန်လ ၁၂ ရက် (ယနေ့) နေ့လယ်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ရေနစ်မြုပ်မှုဖြစ်စဉ်မှာ ဇွန်လ ၁၁ ရက် (မနေ့က) ကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ လူငယ်တစ်ဦး ရေဆင်းကူးရာမှ ရေနစ်မြုပ်ပျောက်ဆုံးသွားခဲ့သဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပရဟိတအသင်းပေါင်းစုံ ပူးပေါင်းကာ ရှာဖွေရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်တိုက်လုပ်ဆောင်ခဲ့ကြပြီးနောက် ယနေ့တွင် ရုပ်အလောင်းကို ပြန်လည်ဆယ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

6