back

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မက္ကဆီကိုတွင် တခမ်းတနား ဖွင့်လှစ်၊ သမိုင်းတစ်လျှောက် အကြီးမားဆုံးအဖြစ် အသင်း (၄၈) သင်းအထိ ပါဝင်

Jun 12 • 11:38 AM

breaking-news

Myanmar

International

cover

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မက္ကဆီကိုတွင် တခမ်းတနား ဖွင့်လှစ်၊ သမိုင်းတစ်လျှောက် အကြီးမားဆုံးအဖြစ် အသင်း (၄၈) သင်းအထိ ပါဝင်

ဘောလုံးသမိုင်းတစ်လျှောက် အကြီးမားဆုံးနှင့် စိတ်လှုပ်ရှားစရာအကောင်းဆုံး ဖြစ်လာမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (FIFA World Cup 2026) ပြိုင်ပွဲကြီးကို ဇွန်လ ၁၁ ရက်နေ့ တွင...

ဘောလုံးသမိုင်းတစ်လျှောက် အကြီးမားဆုံးနှင့် စိတ်လှုပ်ရှားစရာအကောင်းဆုံး ဖြစ်လာမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (FIFA World Cup 2026) ပြိုင်ပွဲကြီးကို ဇွန်လ ၁၁ ရက်နေ့ တွင် မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့ရှိ နာမည်ကျော် Estadio Azteca အားကစားကွင်းကြီး၌ ပရိသတ် ၈ သောင်းကျော် ရှေ့မှောက်တွင် တခမ်းတနား စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို ၃ နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး၊ ပြိုင်ပွဲဝင်အသင်းပေါင်းကိုလည်း ၄၈ သင်းအထိ စံချိန်တင် တိုးချဲ့ကျင်းပသည့် ထူးခြားသော သမိုင်းဝင်ပြိုင်ပွဲကြီးတစ်ခု ဖြစ်ကြောင်း သိရသည်။

news-view-count-icon

63