မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ LENGGENG CAMP ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရပြီး မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား ၅၈ ဦးကို ဇွန်လ ၁၂ ရက် (ယနေ့) တွင် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၏ စီစဉ်ပေးမှုဖြင့် မြန်မာ့လေကြောင်း (MAI) လေယာဉ်အမှတ်စဉ် 8M-502 ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ သံရုံးအနေဖြင့် ပြန်လည်ပို့ဆောင်မည့်သူများ၏ အမည်စာရင်းကို မိသားစုဝင်များ သိရှိနိုင်ရန် ထုတ်ပြန်ပေးထားပြီး၊ တစ်ဖက်တွင်လည်း ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များထံမှ တာဝန်ရှိသူမဟုတ်သူများက ငွေကြေးတောင်းခံ လိမ်လည်မှုများ ရှိနေသဖြင့် မိသားစုဝင်များနှင့် နီးစပ်ရာအသိုက်အဝန်းများအနေဖြင့် အထူးသတိပြုကြရန် မြန်မာသံရုံးက တိုက်တွန်းနှိုးဆော်ထားသည်။
မလေးရှားထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၅၈ ဦး ဇွန် ၁၂ ရက် (ယနေ့) တွင် နေရပ်သို့ ပြန်လည်ပို့ဆောင်မည်
Jun 12 • 11:01 AM
Malaysia
Local
Share
| 25 | 0 | 0 | 0 |


