back

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင် မြန်မာ့ကျောက်စိမ်း လေလံပွဲ ပထမဆုံးအကြိမ် နိုင်ငံပြင်ပ၌ ကျင်းပ

Jun 12 • 7:32 AM

breaking-news

China

Local News

cover

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင် မြန်မာ့ကျောက်စိမ်း လေလံပွဲ ပထမဆုံးအကြိမ် နိုင်ငံပြင်ပ၌ ကျင်းပ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း (Myanmar Jade) က...

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း (Myanmar Jade) ကို အထူးပြခန်းတစ်ခုအဖြစ် ထည့်သွင်းပြသထားပြီး မြန်မာ့ကျောက်စိမ်း လေလံပွဲကို နိုင်ငံပြင်ပ၌ ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ပြပွဲစီစဉ်သူများထံမှ သိရသည်။Hall-7 ၌ ဖွင့်လှစ်ထားသည့် Myanmar Jade Auction Pavilion တွင် လုပ်ငန်း ၁၈ ခုမှ တင်ပြထားသည့် ကျောက်စိမ်းအကြမ်းထည်နှင့် အချောထည် လက်ဝတ်ရတနာ အမျိုးအစား ၁၀၀ ကျော်ကို ပြသရောင်းချသွားမည်ဖြစ်သည်။ပြပွဲတာဝန်ရှိသူများ၏ အဆိုအရ ယခုလေလံပွဲသည် နှစ်ပေါင်း ၆၀ ကျော်အတွင်း မြန်မာနိုင်ငံပြင်ပ၌ ပထမဆုံးကျင်းပသည့် မြန်မာ့ကျောက်စိမ်း လေလံပွဲဖြစ်ပြီး ကျောက်စိမ်းကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အသင်းဝင်မှတ်ပုံတင်စနစ်များကိုလည်း ပြပွဲအတွင်း ပထမဆုံးအကြိမ် ထုတ်ပြန်မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

news-view-count-icon

18