ဒူဘိုင်းနိုင်ငံကူးလက်မှတ်နှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (GDRFA Dubai) က နိုင်ငံတကာခရီးသွားများ ဒူဘိုင်းသို့ ပိုမိုလွယ်ကူလျင်မြန်စွာ လာရောက်လည်ပတ်နိုင်ရန်အတွက် ရက်ပေါင်း ၃၀ သို့မဟုတ် ရက်ပေါင်း ၆၀ သက်တမ်းရှိ တစ်ကြိမ်ဝင် (Single-entry) အလည်အပတ်ဗီဇာများကို လျှောက်ထားပြီး ၄၈ နာရီ (အလုပ်လုပ်ရက် ၂ ရက်) အတွင်း အမြန်ဆုံး စိစစ်ထုတ်ပေးမည့် ဝန်ဆောင်မှုကို တရားဝင်ထုတ်ပြန်လိုက်ရာ ကမ္ဘာလှည့်ခရီးသွားများအကြား ဗီဇာလျှောက်ထားမှု ဝယ်လိုအား အလွန်မြင့်တက်လျက်ရှိသည်။ အသိအမှတ်ပြု ခရီးသွားအေဂျင်စီများ၏ အဆိုအရ လိုအပ်ချက်များ ပြည့်စုံပါက အချို့ဗီဇာများကို ၂ နာရီမှ ၃ နာရီအတွင်းပင် အတည်ပြုချက် ရရှိနိုင်ကြောင်း သိရသည်။ဗီဇာလျှောက်ထားရန်အတွက် အခြေခံအားဖြင့် နောက်ခံအဖြူရောင် ဓာတ်ပုံတစ်ပုံ၊ အနည်းဆုံး သက်တမ်း ၆ လရှိသော နိုင်ငံကူးလက်မှတ် (Passport) မိတ္တူ၊ အသွားအပြန် လေယာဉ်လက်မှတ်နှင့် ယူအေအီးနိုင်ငံအတွင်း အကျုံးဝင်မည့် ကျန်းမာရေးအာမခံ (Medical Insurance) တို့ လိုအပ်မည်ဖြစ်သည်။ ဗီဇာကြေးများမှာ ရက် ၃၀ ဗီဇာအတွက် ဒိရ်ဟမ် ၂၀၀ (အမေရိကန်ဒေါ်လာ ၅၅ ခန့်) နှင့် ရက် ၆၀ ဗီဇာအတွက် ဒိရ်ဟမ် ၃၀၀ (အမေရိကန်ဒေါ်လာ ၈၀ ခန့်) သတ်မှတ်ထားပြီး (၅% VAT နှင့် အေဂျင်စီဝန်ဆောင်ခများ မပါဝင်သေးပါ)၊ အာမခံစနစ်စပေါ်ငွေ (Security Deposit) ပေးသွင်းရန် မလိုဟောင်းကြောင်း သိရသည်။ ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် လိုင်စင်ရခရီးသွားအေဂျင်စီများ၊ ဟိုတယ်များ သို့မဟုတ် Emirates နှင့် flydubai စသည့် လေကြောင်းလိုင်းများမှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် လွယ်ကူစွာ လျှောက်ထားနိုင်သည်။
ယူအေအီး၌ ဝယ်လိုအား အလွန်မြင့်မားနေသည့် ဒူဘိုင်းအလည်အပတ်ဗီဇာအား ၄၈ နာရီအတွင်း အမြန်ရရှိနိုင်မည့် လုပ်ငန်းစဉ်များကို ခရီးသွားအေဂျင်စီများ ရှင်းလင်းထုတ်ပြန်
Jun 12 • 7:17 AM
UAE
Local News
Share
| 21 | 0 | 0 | 0 |


