back

စင်ကာပူ၌ မှုခင်းဖြစ်ပွားရာနေရာများကို အချိန်တိုအတွင်း စစ်ဆေးနိုင်ရန် စင်ကာပူရဲတပ်ဖွဲ့က AI၊ ဒရုန်းနှင့် 3D စကန်ဖတ်နည်းပညာများကို တိုးမြှင့်အသုံးပြုလာ

Jun 12 • 3:35 AM

breaking-news

Singapore

Local News

cover

စင်ကာပူ၌ မှုခင်းဖြစ်ပွားရာနေရာများကို အချိန်တိုအတွင်း စစ်ဆေးနိုင်ရန် စင်ကာပူရဲတပ်ဖွဲ့က AI၊ ဒရုန်းနှင့် 3D စကန်ဖတ်နည်းပညာများကို တိုးမြှင့်အသုံးပြုလာ

စင်ကာပူရဲတပ်ဖွဲ့ (SPF) သည် မှုခင်းဆေးပညာဆိုင်ရာ စုံစမ်းစစ်ဆေးမှုများတွင် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် ဉာဏ်ရည်တု (AI)၊ ဒရုန်းနှင့် 3D စကန်ဖတ်ခြင်းနည်း...

စင်ကာပူရဲတပ်ဖွဲ့ (SPF) သည် မှုခင်းဆေးပညာဆိုင်ရာ စုံစမ်းစစ်ဆေးမှုများတွင် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် ဉာဏ်ရည်တု (AI)၊ ဒရုန်းနှင့် 3D စကန်ဖတ်ခြင်းနည်းပညာများကို တိုးမြှင့်အသုံးပြုလျက်ရှိရာ ယခင်က နာရီပေါင်းများစွာ ကြာမြင့်ခဲ့သော အခင်းဖြစ်ပွားရာနေရာ တိုင်းတာမှုနှင့် ပုံဖော်မှုများကို ယခုအခါ မိနစ်ပိုင်းအတွင်း လုပ်ဆောင်နိုင်ပြီဖြစ်သည်။ ယခုအဆင့်မြင့်နည်းပညာများဖြင့် မှုခင်းဖြစ်ပွားရာပတ်ဝန်းကျင်၏ တိကျသော ဒစ်ဂျစ်တယ်ပုံတူ (Digital Twin) ကို ဖန်တီးကာ စုံစမ်းစစ်ဆေးသူများ စိတ်ကြိုက်ပြန်လည်စစ်ဆေးနိုင်ခြင်း၊ ယာဉ်တိုက်မှုနေရာများကို အမြန်ဆုံးမှတ်တမ်းတင်ပြီး ပိတ်ဆို့နေသောလမ်းများကို အချိန်တိုအတွင်း ပြန်ဖွင့်ပေးနိုင်ခြင်း၊ ဒရုန်းဖြင့် မြင်ကွင်းကျယ်ဓာတ်ပုံများ ရယူနိုင်ခြင်းနှင့် AI စနစ်ဖြင့် သက်သေခံချက်အချက်အလက်များကို နာရီပိုင်းအတွင်း အမြန်ဆုံးစိစစ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေသည်။ သို့သော်လည်း ရဲတပ်ဖွဲ့က ယခုနည်းပညာများသည် စုံစမ်းစစ်ဆေးသူများကို အစားထိုးရန်မဟုတ်ဘဲ အထောက်အကူပြုကိရိယာအဖြစ်သာ အသုံးပြုခြင်းဖြစ်ပြီး မှုခင်းတစ်ခုအပေါ် ဆုံးဖြတ်ချက်ချရာတွင် လူသားတို့၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကသာ အဓိကအသက်သွေးကြောဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

news-view-count-icon

17