ထိုင်းဘုရင်၏ သမီးတော်ကြီး မင်းသမီး ပါဂျရကီတီယာဗာသည် ချူလာလောင်ကွန်းဆေးရုံကြီးတွင် ဇွန်လ ၁၁ ရက် (ကြာသပတေးနေ့) ညနေပိုင်းက အသက် ၄၇ နှစ်အရွယ်တွင် အေးချမ်းစွာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ထိုင်းနန်းတွင်းဗျူရိုက ထုတ်ပြန်သည်။မင်းသမီးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကတည်းက နှလုံးရောဂါကြောင့် သတိလစ်လဲကျသွားခဲ့ပြီးနောက် ဆေးရုံတွင် ကာလရှည်ကြာ ဆေးကုသမှု ခံယူနေခဲ့ရခြင်း ဖြစ်သည်။ အထူးကုဆရာဝန်ကြီးများအဖွဲ့က အနီးကပ် ကုသပေးခဲ့သော်လည်း ကျန်းမာရေးအခြေအနေ ပြန်လည်သက်သာလာခြင်းမရှိဘဲ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။သမီးတော်ကြီး၏ တော်ဝင်ဈာပနအခမ်းအနားကို နန်းတွင်းရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ အမြင့်ဆုံးဂုဏ်ထူးဆောင်အဆင့်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ရုပ်ကလာပ်တော်ကို မဟာနန်းတော် (Grand Palace) အတွင်းရှိ ပီမန်ရတနာ ရာဇပလ္လင်ခန်းမ၌ ထားရှိရန် ထိုင်းဘုရင်က လမ်းညွှန်ထားကြောင်း သိရသည်။



ထိုင်းဘုရင်၏ သမီးတော်ကြီး မင်းသမီး ပါဂျရကီတီယာဗာ ကွယ်လွန်
Jun 12 • 1:38 AM
Thailand
Local News
Share
| 21 | 0 | 0 | 0 |


