back

တောင်ကိုရီးယား၌ ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်များအား အတူတကွအားပေးနိုင်မည့် "Riverside Fan Zone" အား ဆိုးလ်မြို့ ဟန်မြစ်ကမ်းဘေး၌ ဖွင့်လှစ်မည်

Jun 11 • 7:37 AM

breaking-news

South Korea

Local News

cover

တောင်ကိုရီးယား၌ ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်များအား အတူတကွအားပေးနိုင်မည့် "Riverside Fan Zone" အား ဆိုးလ်မြို့ ဟန်မြစ်ကမ်းဘေး၌ ဖွင့်လှစ်မည်

တောင်ကိုရီးယား၊ဆိုးလ်မြို့တော်အစိုးရသည် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (2026 FIFA World Cup) ပြိုင်ပွဲတွင် ကိုရီးယ...

တောင်ကိုရီးယား၊ဆိုးလ်မြို့တော်အစိုးရသည် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (2026 FIFA World Cup) ပြိုင်ပွဲတွင် ကိုရီးယားအမျိုးသားဘောလုံးအသင်းကို ပြည်သူများ စည်ကားသိုက်မြိုက်စွာ အတူတကွ အားပေးနိုင်ရန်အတွက် သုခ်ဆွန်ဟန်ဂန်းပန်းခြံ (Ttukseom Hangang Park) ရှိ မိုးလုံလေလုံ ယဉ်ကျေးမှုခန်းမ၌ ကမ္ဘာ့ဖလားအပြင်အဆင် ပေါ့ပ်အပ်ပွဲတော် (Hangang Play Place World Cup Pop-up) တစ်ရပ်ကို လာမည့် သောကြာနေ့ (ဇွန်လ ၁၂ ရက်) မှ ဇွန်လ ၂၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ ယခုပွဲတော်အတွင်း ကိုရီးယားအသင်း၏ အုပ်စုတွင်း ပွဲစဉ် ၃ ပွဲဖြစ်သော ချက်သမ္မတနိုင်ငံနှင့်ပွဲ (ဇွန် ၁၂၊ နံနက် ၁၁ နာရီ)၊ မက္ကဆီကိုနှင့်ပွဲ (ဇွန် ၁၉၊ နံနက် ၁၀ နာရီ) နှင့် တောင်အာဖရိကနှင့်ပွဲ (ဇွန် ၂၅၊ နံနက် ၁၀ နာရီ) တို့ကို ခန်းမတွင်းရှိ LED စခရင်အကြီးစားဖြင့် တိုက်ရိုက်ထုတ်လွှင့်ပြသပေးမည်ဖြစ်သည်။ အများပြည်သူ အခမဲ့ လာရောက်ကြည့်ရှုနိုင်ပြီး၊ QR code မှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းထားသည့် ပရိသတ် ၁၀၀ အတွက် ကတ်ပင်းကုလားထိုင်၊ ဖျာ၊ အယ်လ်ကိုဟောမပါဝင်သည့် လက်မှုဘီယာနှင့် အားပေးသည့်လေမှုတ်တုတ်များကို အထူးစီစဉ်ပေးမည့်အပြင်၊ အားကစားဝတ်စုံ ကာလာခြယ်ခြင်း၊ သော့ချိတ်ပြုလုပ်ခြင်း၊ စားပွဲတင်ဘောလုံးကစားခြင်းနှင့် ပွဲရလဒ်ခန့်မှန်းခြင်း အစီအစဉ်များကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

news-view-count-icon

25