ဒူဘိုင်းမြို့ ဂျုမေရာ (Jumeirah) အရပ်ရှိ နာမည်ကြီး ဆိပ်ကမ်းဘေးစားသောက်ဆိုင်တစ်ခုဖြစ်သော "3 Fils" အနီး ကမ်းခြေအစပ်တွင် ဧရာမ ဝေလငါးမန်း (Whale Shark) ကြီးတစ်ကောင် လာရောက်ကူးခတ်နေသည်ကို အံ့အားသင့်ဖွယ် မြင်တွေ့ခဲ့ရသည်။ အဆိုပါ ကမ်းခြေအနီး ကူးခတ်နေသော သတ္တဝါကြီးကို စားသောက်ဆိုင်လာ ဧည့်သည်များနှင့် ကမ်းခြေသို့ ရောက်ရှိနေသူများက စိတ်ဝင်တစား စောင့်ကြည့်ဓာတ်ပုံရိုက်ခဲ့ကြပြီး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်လည်း အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ အဏ္ဏဝါဗေဒပညာရှင်များ၏ အဆိုအရ ဝေလငါးမန်းများသည် လူသားများကို အန္တရာယ်ပြုလေ့မရှိဘဲ ရေမှော်များနှင့် ငါးအုပ်ငယ်များကိုသာ စားသုံးတတ်သည့် သတ္တဝါများဖြစ်ကြောင်း၊ အာရေဗျပင်လယ်ကွေ့အတွင်း ယခုကဲ့သို့ မြို့ပြဆိပ်ကမ်းများနှင့် ကမ်းခြေအနီးသို့ တစ်ခါတစ်ရံ ရောက်ရှိလာတတ်ကြောင်း သိရသည်။
ဒူဘိုင်းမြို့ ဂျုမေရာကမ်းခြေရှိ နာမည်ကြီးစားသောက်ဆိုင်အနီးတွင် ပင်လယ်ရေသတ္တဝါကြီး ဝေလငါးမန်းတစ်ကောင် လာရောက်ကူးခတ်လာလို့ အွန်လိုင်းတွင်နာမည်ကြီးနေ
Jun 11 • 6:49 AM
UAE
Local News
Share
| 13 | 0 | 0 | 0 |


