back

ထိုင်းနိုင်ငံ၊ ကရာဘီ (Krabi) ပြည်နယ်တွင် နာရီပေါင်းများစွာ မိုးသည်းထန်စွာရွာပြီး ရေကြီးသဖြင့် အိမ်ထောင်စု ၃၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ

Jun 11 • 2:29 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ ကရာဘီ (Krabi) ပြည်နယ်တွင် နာရီပေါင်းများစွာ မိုးသည်းထန်စွာရွာပြီး ရေကြီးသဖြင့် အိမ်ထောင်စု ၃၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ

ထိုင်းနိုင်ငံ၊ ကရာဘီပြည်နယ်တွင် ဇွန်လ ၁၀ ရက်နေ့ ညပိုင်းက နာရီပေါင်းများစွာ ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နေရာအတော်များများတွင် လျှပ်တပြက် ရေကြီး...

ထိုင်းနိုင်ငံ၊ ကရာဘီပြည်နယ်တွင် ဇွန်လ ၁၀ ရက်နေ့ ညပိုင်းက နာရီပေါင်းများစွာ ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နေရာအတော်များများတွင် လျှပ်တပြက် ရေကြီးမှုများ ဖြစ်ပွားခဲ့ပြီး အရေးပေါ်အခြေအနေများနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် အောက်လုဒ် (Ao Luek) ခရိုင်၊ အောက်လုဒ်တိုင်း (Ao Luek Tai) ရပ်ကွက်ရှိ စွခ်ဆဝပ်စွိုင် (Suk Sawat Soi) လူနေရပ်ကွက်တွင် ရေအမြင့် ၃၀ မှ ၄၀ စင်တီမီတာခန့်အထိ မြင့်တက်နေပြီး နောက်ထပ်လည်း ဆက်လက်မြင့်တက်လာမည့် အလားအလာရှိနေသည်။အဆိုပါ ရေကြီးမှုကြောင့် အိမ်ခြေ ၃၀၀ ကျော် ရေဘေးသင့်ခဲ့ရသဖြင့် အောက်လုဒ်တိုင်း ရပ်ကွက်မြူနီစီပယ် မြို့တော်ဝန် မစ္စတာ နဝကွန် ဆန်ကယောက် (Mr. Navakorn Sangkaew) ကိုယ်တိုင် ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ကွင်းဆင်းကာ ဒေသခံ ပြည်သူများကို ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်းပေးလျက်ရှိသည်။ကယ်ဆယ်ရေးအဖွဲ့များသည် ရေစီးသန်နေသည့် ကြားမှပင် ရေဘေးသင့်ပြည်သူများကို အန္တရာယ်ကင်းရာသို့ ရွှေ့ပြောင်းပေးနေသည့်အပြင်၊ ရေနစ်မြုပ်နေသည့် နေအိမ်များအတွင်းရှိ သက်ကြီးရွယ်အိုများနှင့် အိပ်ရာထဲလဲနေသည့် လူနာများကိုပါ ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းပေးနိုင်ရန် အပြင်းအထန် ကြိုးပမ်းဆောင်ရွက်နေရကြောင်း သိရသည်။

news-view-count-icon

23