ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် ယခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံအထိ ရောက်ရှိရန် ရည်မှန်းချက်ထားရှိပြီး၊ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ နှစ်နိုင်ငံခေါင်းဆောင်များက ကတိပြုခဲ့ကြသည်။ပြီးခဲ့သည့်သီတင်းပတ်က ဗီယက်နမ်ခေါင်းဆောင်၏ ထိုင်းနိုင်ငံခရီးစဉ်အပြီးတွင် ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်သည် ဗီယက်နမ်သမ္မတ တိုလမ်နှင့် တွန်ကင်နန်းတော်တွင် သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။နှစ်ဦးနှစ်ဖက်ခေါင်းဆောင်များသည် မကြာသေးမီက ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးမှုများမှာ အလွန်အောင်မြင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပြီး၊ ယခင်ဆွေးနွေးပွဲများ၌ သဘောတူညီခဲ့ကြသည့် အချက်အလက်များကို ထိရောက်စွာ အကောင်အထည်ဖော်ရန် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ဆိုသည်။



