ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် မြဝတီ နယ်စပ်ဒေသတစ်ဝိုက်တွင် အထူးသဖြင့် ဘတ် ၁,၀၀၀ တန် ထိုင်းငွေစက္ကူအတုများ ပျံ့နှံ့နေသဖြင့် ကုန်သည်များနှင့် ဈေးသည်များ ငွေပေးငွေယူရာ၌ အထူးသတိထားကြရန် မဲဆောက် ပက်ထရိုလီယမ် ကုမ္ပဏီလီမိတက်က ထိုင်းဗဟိုဘဏ်၏ အတု/အစစ် ခွဲခြားနည်းများနှင့်အတူ သတိပေးနှိုးဆော်ထားသည်။ ငွေစက္ကူအစစ် ဟုတ်၊ မဟုတ် ခွဲခြားနိုင်ရန် လက်ချောင်းဖြင့် စမ်းသပ်ပါက စာလုံးများ ဖောင်းကြွနေခြင်း (ကိုင်တွယ်စမ်းသပ်ခြင်း)၊ အလင်းတွင် မြှောက်ကြည့်ပါက ဘုရင်မင်းမြတ်၏ ရုပ်ပုံရေစာ ထင်ရှားစွာပေါ်ခြင်း (အလင်းတွင်ကြည့်ခြင်း) နှင့် တစောင်းစောင်းကြည့်ပါက လုံခြုံရေးကြိုးမျှင်နှင့် 3D သံလိုက်မင်ဖြင့် ရိုက်နှိပ်ထားသော ပန်းပွင့်ပုံစံများ အရောင်ပြောင်းလဲလှုပ်ရှားခြင်း (တစောင်းကြည့်ခြင်း) စသည့် နည်းလမ်း ၃ သွယ်ဖြင့် စစ်ဆေးနိုင်ကြောင်း သိရသည်။ ပြည်သူများအနေဖြင့် ငွေမယူမီ သေချာစစ်ဆေးကြရန်နှင့် ငွေအတုပြုလုပ်သူ သို့မဟုတ် သုံးစွဲသူကို တွေ့ရှိပါက ရဲစခန်းဖုန်း 191 သို့မဟုတ် ထိုင်းဗဟိုဘဏ်ဖုန်း 0 2356 7987 သို့ သတင်းပေးတိုင်ကြားနိုင်ပြီး၊ သတင်းပေးသူကို အမြင့်ဆုံးဆုကြေးငွေ ဘတ် ၁၀၀,၀၀၀ အထိ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မဲဆောက်နှင့် မြဝတီတွင် ထိုင်းဘတ်ငွေအတုများ ပျံ့နှံ့နေသဖြင့် အထူးသတိပြုရန် နှိုးဆော်၊ သတင်းပေးပါက ဘတ်တစ်သိန်း ဆုကြေးပေးမည်
Jun 10 • 8:20 AM
Thailand
Local News
Share
| 27 | 0 | 0 | 0 |


