ထိုင်း-မြန်မာနယ်စပ် မဲဆောက်နိုင်ငံတကာလေဆိပ်အနီးရှိ ဆီဆိုင်တစ်ခုတွင် ဇွန်လ ၉ ရက် ညနေ ၆ နာရီက ဆီဖြည့်ရန် တန်းစီနေသည့် မြန်မာလိုင်စင်ရ အဖြူရောင် တိုယိုတာ ဆီဒန်ကားတစ်စီး ရုတ်တရက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အသက် ၃၁ နှစ်အရွယ် ကားပိုင်ရှင် ကိုတာပိုင်ဦးနှင့် သူငယ်ချင်းဖြစ်သူတို့ ဆီဖြည့်ရန် စောင့်ဆိုင်းနေစဉ် ကားထဲမှ အနံ့ရပြီးနောက် မီးအရှိန်အဟုန်ဖြင့် လောင်ကျွမ်းလာသဖြင့် ကားပေါ်မှ အမြန်ဆင်းပြေးခဲ့ရပြီး ဆီဆိုင်အတွင်းရှိ လူများနှင့် အခြားကားများလည်း ဘေးလွတ်ရာသို့ အလန့်တကြား ထွက်ပြေးခဲ့ကြရသည်။ ဆီဆိုင်ဝန်ထမ်းများက မီးသတ်ဆေးဘူးများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သော်လည်း မီးရှိန်ပြင်းသဖြင့် ကားတစ်စီးလုံး ကူးစက်လောင်ကျွမ်းခဲ့ရပြီး၊ မဲဆောက်မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား ၃ စီးဖြင့် ၁၅ မိနစ်ခန့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကာ ကံကောင်းထောက်မစွာဖြင့် လူထိခိုက်ဒဏ်ရာရသေဆုံးမှု မရှိခဲ့ဘဲ ကားမီးလောင်ရသည့် အကြောင်းရင်းကိုမူ အတိအကျ မသိရသေးပေ။
Jun 10 • 8:16 AM
Thailand
Local News
Share
| 22 | 0 | 0 | 0 |


