back

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် AYA Tri Nation Cup 2026 ချန်ပီယံဆုကို ထိုင်းအမျိုးသမီးအသင်း ဆွတ်ခူး

Jun 10 • 8:04 AM

breaking-news

Thailand

Local News

cover

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် AYA Tri Nation Cup 2026 ချန်ပီယံဆုကို ထိုင်းအမျိုးသမီးအသင်း ဆွတ်ခူး

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇွန်လ (၃) ရက်မှ (၉) ရက်အထိ လက်ခံကျင်းပခဲ့သည့် AYA Tri Nation Cup 2026 (Women's International Friendly Tour) ပြိုင်ပွဲပြီးဆုံးခဲ့ပြီ...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇွန်လ (၃) ရက်မှ (၉) ရက်အထိ လက်ခံကျင်းပခဲ့သည့် AYA Tri Nation Cup 2026 (Women's International Friendly Tour) ပြိုင်ပွဲပြီးဆုံးခဲ့ပြီဖြစ်ရာ၊ ချန်ပီယံဆုကို ထိုင်းအမျိုးသမီးအသင်း ဆွတ်ခူးရရှိခဲ့သည်။ဇွန်လ (၉) ရက်က ယှဉ်ပြိုင်ခဲ့သည့် နောက်ဆုံးပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့ (၁-၁) ဂိုးဖြင့် သရေကျခဲ့ပြီးနောက် ထိုင်းအသင်းက စုစုပေါင်းရမှတ် (၄) မှတ်ဖြင့် ပြိုင်ပွဲ၏ ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ထို့အတူ တစ်ဦးချင်း ထူးချွန်ဆုရရှိသူများအဖြစ် အကောင်းဆုံး ဂိုးသမားဆုကို ထိုင်းအသင်းမှ Thichanan Sodchuen မှလည်းကောင်း၊ အကောင်းဆုံး ကစားသမားဆုကိုလည်း ထိုင်းအသင်းမှ ကစားသမား Pattaranan Aupachai တို့က ဆွတ်ခူးရရှိခဲ့သည်။

news-view-count-icon

25