တောင်ကိုရီးယားနိုင်ငံ ဂျုံဂီ (Gyeonggi) ပြည်နယ်ရှိ ကုန်ထုတ်လုပ်ငန်းစက်ရုံတစ်ခုတွင် လုပ်ကိုင်နေသည့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံသား အလုပ်သမား ၄ ဦးအား လုပ်ငန်းခွင်အတွင်း ပိုက်ဆံအိတ်နှင့် လက်သီးများဖြင့် ကိုယ်ထိလက်ရောက် ရိုက်နှက်စော်ကားခဲ့သည့် အသက် ၅၀ ကျော်အရွယ် စက်ရုံပိုင်ရှင် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် အစိုးရရှေ့နေရုံးသို့ တရားဝင်လွှဲပြောင်း ပို့ဆောင်လိုက်သည်။ အဆိုပါစက်ရုံပိုင်ရှင်သည် အလုပ်သမားများ စက်ရုံစည်းကမ်း မလိုက်နာဟုဆိုကာ အော်ဟစ်ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်းနှင့် ဗီဇာသက်တမ်းတိုးပေးမည်မဟုတ်ကြောင်း ခြိမ်းခြောက်ခြင်းများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း အလုပ်သမားအခွင့်အရေးအဖွဲ့များ၏ ကူညီမှုဖြင့် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယား တရားရေးဝန်ကြီးဌာနကလည်း ပြည်ပရွှေ့ပြောင်းအလုပ်သမားများအပေါ် ယခုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်ပြီး အနိုင်ကျင့်စော်ကားသည့် လုပ်ငန်းရှင်များကို ဥပဒေအရ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။
တောင်ကိုရီးယား၌ နိုင်ငံခြားသားအလုပ်သမားများကို ကိုယ်ထိလက်ရောက် စော်ကားညှဉ်းပန်းခဲ့သည့် စက်ရုံပိုင်ရှင်အား အစိုးရရှေ့နေရုံးသို့ လွှဲပြောင်းတရားစွဲဆို
Jun 10 • 7:05 AM
South Korea
Local News
Share
| 14 | 0 | 0 | 0 |


