back

စင်ကာပူ၌ ဇွန်လအတွင်း အိမ်ရာဖွံ့ဖြိုးမှုဘုတ်အဖွဲ့ (HDB) က စောင့်ဆိုင်းချိန်တိုမည့် BTO တိုက်ခန်းပေါင်း ၂,၅၀၀ ကျော်ကို ရောင်းချပေးမည်

Jun 10 • 3:22 AM

breaking-news

Singapore

Local News

cover

စင်ကာပူ၌ ဇွန်လအတွင်း အိမ်ရာဖွံ့ဖြိုးမှုဘုတ်အဖွဲ့ (HDB) က စောင့်ဆိုင်းချိန်တိုမည့် BTO တိုက်ခန်းပေါင်း ၂,၅၀၀ ကျော်ကို ရောင်းချပေးမည်

စင်ကာပူအိမ်ရာဖွံ့ဖြိုးမှုဘုတ်အဖွဲ့ (HDB) သည် လာမည့် ဇွန်လ BTO အရောင်းအစီအစဉ်တွင် စောင့်ဆိုင်းချိန် ၃ နှစ်နှင့် ၃ နှစ်အောက်သာ ရှိမည့် အရည်အသွေးမြင့် တိုက်ခန်းပေါ...

စင်ကာပူအိမ်ရာဖွံ့ဖြိုးမှုဘုတ်အဖွဲ့ (HDB) သည် လာမည့် ဇွန်လ BTO အရောင်းအစီအစဉ်တွင် စောင့်ဆိုင်းချိန် ၃ နှစ်နှင့် ၃ နှစ်အောက်သာ ရှိမည့် အရည်အသွေးမြင့် တိုက်ခန်းပေါင်း ၂,၅၂၀ ကို စတင်ရောင်းချပေးတော့မည် ဖြစ်သည်။ ယခုတိုက်ခန်းများသည် ကပ်ရောဂါကာလအတွင်း ၅ နှစ်အထိ ကြာမြင့်ခဲ့သော စောင့်ဆိုင်းချိန်များကို ပြန်လည်လျှော့ချပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ဇွန်လတွင် စုစုပေါင်းရောင်းချမည့် တိုက်ခန်း ၆,၉၀၀ ကျော်၏ သုံးပုံတစ်ပုံကျော် ရှိသည်။ အဆိုပါစီမံကိန်းများကို ဆမ်ဘာဝမ် (Sembawang) နှင့် အန်မိုကီအို (Ang Mo Kio) အရပ်တို့တွင် တည်ဆောက်သွားမည်ဖြစ်ပြီး အိမ်ပိုင်ယာပိုင် အမြန်လိုချင်သူများအတွက် အဆင်ပြေစေမည်ဖြစ်သည်။

news-view-count-icon

24