မြန်မာစကားတတ်တဲ့ ထိုင်း deliveryသမား အွန်လိုင်းမှာနာမည်ကြီးနေ

Jun 10 • 2:22 AM

breaking-news

Thailand

Local News

cover

မြန်မာစကားတတ်တဲ့ ထိုင်း deliveryသမား အွန်လိုင်းမှာနာမည်ကြီးနေ

ထိုင်းလူမျိုး Delivery ဝန်ထမ်းတစ်ဦးဖြစ်သည့် ခွန်ဘတ်စတာသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ မြန်မာလုပ်သားများထံသို့ ပစ္စည်းများ လာရောက်ပို့ဆောင်ပေးရာမှတစ်ဆင့် မြန်မာစ...

ထိုင်းလူမျိုး Delivery ဝန်ထမ်းတစ်ဦးဖြစ်သည့် ခွန်ဘတ်စတာသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ မြန်မာလုပ်သားများထံသို့ ပစ္စည်းများ လာရောက်ပို့ဆောင်ပေးရာမှတစ်ဆင့် မြန်မာစကားကို ပြောတတ်လာကြောင်း သိရသည်။

၎င်းသည် ဆောက်လုပ်ရေးဆိုဒ်ရှိ မြန်မာလုပ်သားများထံသို့ ပစ္စည်းပို့ဆောင်ပေးနေသည်မှာ ငါးလခန့် ရှိပြီဖြစ်ပြီး မြန်မာလုပ်သားများနှင့်ပတ်သက်သည့် ဗီဒီယိုလေးများကိုလည်း လူမှုကွန်ရက်တွင် မကြာခဏ တင်ပေးလေ့ရှိသည်။ ခွန်ဘတ်စတာက ၎င်းအနေဖြင့် ပစ္စည်းလာပို့သည့်အခါတိုင်း မြန်မာစကားဖြင့် ကြိုးစားပြောဆိုလေ့ရှိပြီး မြန်မာလုပ်သားများ ပြောလေ့ရှိသည့် “ပစ္စည်းရောက်ပြီ”၊ “ခဏလေး”၊ “လာပြီ... လာပြီ” စသည့် စကားလုံးများကို မှတ်သားကာ ပြန်လည်ပြောဆိုနေခြင်းဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် မြန်မာလုပ်သားများသည် ပစ္စည်းဖိုးပေးချေရာတွင် ဘတ် ၁,၀၀၀ တန်များကိုသာ အမြဲပေးလေ့ရှိသဖြင့် ၎င်းအနေဖြင့် အကြွေထုပ်ကို အမြဲတမ်း ဆောင်ထားရကြောင်းလည်း ရှင်းပြခဲ့သည်။လက်ရှိတွင် ၎င်းနှင့် မြန်မာလုပ်သားများအကြား အပြန်အလှန် အဆင်ပြေချောမွေ့နေကြပြီး မြန်မာလုပ်သားများက ၎င်းကို မြန်မာစကား သင်ပေးကြသလို၊ ၎င်းကလည်း မြန်မာလုပ်သားများကို ထိုင်းစကား တတ်မြောက်အောင် သင်ယူကြရန် တိုက်တွန်းပြောဆိုထားကြောင်း သိရသည်။

news-view-count-icon

7