back

ဗီယက်နမ်၌ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော ရွှေဒေါင်းမင်းငှက်ကလေးနှစ်ကောင် ဘယ်လ်ဂျီယံတိရစ္ဆာန်ဥယျာဉ်၌ အောင်မြင်စွာသားဖောက်နိုင်ခဲ့

Jun 10 • 2:01 AM

breaking-news

Vietnam

Local News

cover

ဗီယက်နမ်၌ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော ရွှေဒေါင်းမင်းငှက်ကလေးနှစ်ကောင် ဘယ်လ်ဂျီယံတိရစ္ဆာန်ဥယျာဉ်၌ အောင်မြင်စွာသားဖောက်နိုင်ခဲ့

ကမ္ဘာပေါ်တွင် အရှားပါးဆုံးနှင့် မျိုးသုဉ်းလုနီးပါးအန္တရာယ် အရှိဆုံးဖြစ်ပြီး တောရိုင်းသဘာဝထဲ၌ မရှိသလောက် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ဗီယက်နမ်ရွှေဒေါင်းမင်း (Vie...

ကမ္ဘာပေါ်တွင် အရှားပါးဆုံးနှင့် မျိုးသုဉ်းလုနီးပါးအန္တရာယ် အရှိဆုံးဖြစ်ပြီး တောရိုင်းသဘာဝထဲ၌ မရှိသလောက် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ဗီယက်နမ်ရွှေဒေါင်းမင်း (Vietnamese pheasant) ငှက်ကလေးနှစ်ကောင်ကို ဘယ်လ်ဂျီယံနိုင်ငံရှိ Pairi Daiza တောရိုင်းတိရစ္ဆာန်ဥယျာဉ်၌ အောင်မြင်စွာ သားဖောက်နိုင်ခဲ့သည်။ ယခုအောင်မြင်မှုသည် ဥရောပမျိုးသုဉ်းလုနီးပါးမျိုးစိတ်များ သားဖောက်ရေးအစီအစဉ် (EEP) အတွက် မျိုးရိုးဗီဇမျိုးကွဲစုံလင်မှုကို ထိန်းသိမ်းရန်နှင့် ရေရှည်မျိုးစိတ်ပြန်လည်ပွားများလာစေရန်အတွက် အရေးပါသော မှတ်တိုင်တစ်ခုလည်းဖြစ်သည်။ ယခု ၂၀၂၆ ခုနှစ်အတွင်း၌ပင် နိုင်ငံတကာသားဖောက်ရေးအစီအစဉ်များမှတစ်ဆင့် ပွားများလာသော အဆိုပါငှက်ကောင်ရေ ၂၀ ခန့်ကို ၎င်းတို့မူလကျက်စားရာ ဗီယက်နမ်နိုင်ငံတောရိုင်းသဘာဝထဲသို့ ပြန်လည်စေလွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

news-view-count-icon

18