back

ထိုင်းမှာ အလုပ်လုပ်ခွင့်ရ မြန်မာဒုက္ခသည်တွေကို သက်သေခံကတ်ပြားတွေ ထုတ်ပေးမည်

Jun 09 • 8:21 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ အလုပ်လုပ်ခွင့်ရ မြန်မာဒုက္ခသည်တွေကို သက်သေခံကတ်ပြားတွေ ထုတ်ပေးမည်

ထိုင်းနိုင်ငံနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း (၉) ခုမှ ပြင်ပသို့ အလုပ်ထွက်လုပ်ခွင့်ရထားသည့် မြန်မာဒုက္ခသည်များကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြားများ ထုတ်ပေးသ...

ထိုင်းနိုင်ငံနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း (၉) ခုမှ ပြင်ပသို့ အလုပ်ထွက်လုပ်ခွင့်ရထားသည့် မြန်မာဒုက္ခသည်များကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သန်းခေါင်စာရင်းစီမံခန့်ခွဲမှုဗဟိုဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇွန်လ ၈ ရက်နေ့က ထိုင်းတာဝန်ရှိသူများနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့ တွေ့ဆုံကာ အဆိုပါကတ်ပြားများ ပြုလုပ်ပေးရန် ပြင်ဆင်နေမှုများကို လေ့လာခဲ့ကြပြီး၊ ယင်းလုပ်ငန်းစဉ်အတွက် UNHCR က ငွေကြေးပံ့ပိုးထားခြင်းဖြစ်သည်။ ထိုင်းအစိုးရသည် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ဒုက္ခသည်များကို ပြည်ပထွက်အလုပ်လုပ်ခွင့်ပြုခဲ့ပြီးနောက် ထိုနှစ်အောက်တိုဘာလမှစ၍ ဒုက္ခသည် ၄၂,၀၀၀ ကျော်ကို ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အလုပ်လုပ်ကိုင်ခွင့်ပြုခဲ့ရာ ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်းရှိ ရာသီပေါ်ဥယျာဉ်ခြံလုပ်ငန်းများတွင် အဓိက သွားရောက်လုပ်ကိုင်နေကြကြောင်း ဖော်ပြထားသည်။

news-view-count-icon

33